close

မနီလာမြို့

close

May 26, 2022

မနီလာမြို့တွင် ဆန္ဒပြသည့် တက်ကြွလှုပ်ရှားသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့

ဖိလစ်ပိုင်မြို့တော် မနီလာမှာ မေ ၂၅ ရက်က ဒါဇင်ချီတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

အောက်လွှတ်တော် အဆောက်အဦဆီ ဦးတည်ဖို့ ကြိုးစားတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ရဲတွေက ရေအမြောက်တွေကို သုံးခဲ့ကြပါတယ်။

အောက်လွှတ်တော် အဆောက်အဦမှာတော့ သမ္မတနဲ့ ဒုသမ္မတတို့အတွက် မဲတွေကို အီလက်ထရောနစ် ရေတွက်စနစ်နဲ့ ရေတွက်ခဲ့ကြတာပါ။

ဘာယံမူနာနိုင်ငံရေးပါတီရဲ့ ပြောခွင့်ရသူက “ရဲတွေဟာ အင်အားသုံး နှောင့်ယှက်ခဲ့တယ်။ သူတို့ဟာ ပြည်သူ့ဝမ်းနည်းမှုအသံကို ထုတ်ဖို့ ကျနော်တို့ကို အခွင့်အရေး ပေးသင့်တယ်” လို့ ပြောခဲ့ပါတယ်။

လူထုအာဏာ တော်လှန်ရေးနဲ့ ဖြုတ်ချခံခဲ့ရတဲ့ ဖိလစ်ပိုင် အာဏာရှင်ဟောင်း မားကို့စ်ရဲ့ သားကြီး ဘုံဘုံမားကို့စ်ဟာ ဇွန် ၃၀ ရက်မှာ လက်ရှိသမ္မတ ရိုဒရီဂို ဒူဒါတေဆီကနေ သမ္မတရာထူးကို လွှဲယူပြီး ၂၀၂၈ ခုနှစ်ထိ သမ္မတတာဝန် ထမ်းဆောင်မှာ ဖြစ်ပါတယ်။

လက်ရှိသမ္မတ ဒူဒါတေရဲ့သမီးဖြစ်သူ ဆာရာဒူဒါတေကာပီယိုကတော့ သူ့ရဲ့ ဒုသမ္မတ ဖြစ်လာမှာပါ။

မားကို့စ်ဟာ အသက် ၆၄ နှစ် ရှိပြီဖြစ်ပြီး မဲပေါင်း ၃၁ ဒသမ ၆သန်း ဒါမှမဟုတ် မဲစုစုပေါင်းရဲ့ ၅၈ ဒသမ ၇၇ ရာခိုင်နှုန်းကို ရရှိခဲ့ပါတယ်။

2 months Ago
Up