close

မန့်ဝိန်းနယ်စပ်ဂိတ်

close

May 24, 2021

မန့်ဝိန်းနယ်စပ်ဂိတ် ပိတ်ထားသဖြင့် တရုတ်နိုင်ငံသို့ တင်ပို့မည့် ကြံများ စွန့်ပစ်နေရ

တရုတ်-မြန်မာ နှစ်နိုင်ငံ အဝင်၊ အထွက် ဂိတ်ပေါက် တစ်ပေါက်ဖြစ်တဲ့ မန့်ဝိန်း ဂိတ်ပေါက် ပိတ်ထားတာကြောင့် တရုတ်နိုင်ငံသို့ တင်ပို့မယ့် နမ့်ခမ်းမြို့နယ်က ကြံတွေ  စွန့်ပစ်နေကြရတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။

ကြံတွေ ခုတ်ပြီး တရုတ်ဘက်ကို တင်ပို့ဖို့ တင်ထားတာ ကြာနေပြီဖြစ်တဲ့အပြင် ကြံကားတွေ တရုတ်နိုင်ငံထဲ ဝင်ခွင့်မရတာကြောင့် ကြံတွေ ပျက်စီးနေပြီဖြစ်လို့ စွန့်ပစ်ခဲ့ရ​တယ်လို့ ဆိုပါတယ်။

"ခုတ်ပြီး ဒီတိုင်း ပုံထားတာတွေ အများကြီးပဲ။ နမ့်ခမ်း၊ မန့်ဝိန်းတွေဘက်က ကြံခင်းတွေ။ တချို့ဆို တင်ဖို့ အဆင်သင့်ပဲ။ ခြံထဲမှာတွေလည်း အများကြီး" လို့ ဒေသခံတစ်ဦးက ကြံစိုက်တောင်သူတွေ ဆုံးရှုံးနစ်နာနေပုံကို ရှင်းပြပါတယ်။

နမ့်ခမ်းမြို့နယ် အတွင်းက ကြံစိုက် တောင်သူတွေများစွာ ဆုံးရှုံးခဲ့ရပြီး နောင်နှစ်တွေအတွက်ပါ စိုးရိမ်နေရကာ စိုက်ပျိုးရေးအခက်အခဲဖြစ်နေကြရတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။

တရုတ်နိုင်ငံဘက်မှ ကိုဗစ်ရောဂါ အကြောင်းပြကာ ​မြန်မာ - တရုတ် နှစ်နိုင်ငံ ကုန်သွယ်စီးဆင်းရာ အဓိက တံခါးပေါက်ဖြစ်တဲ့ မန့်ဝိန်း ဂိတ်ဝင်၊ ထွက်ပေါက်ကို ဧပြီလဆန်းကနေ ပိတ်ထားခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်ကလည်း တရုတ်ဘက်က ကိုဗစ်ရောဂါကြောင့် ကျင်စန်းကျော့ဂိတ်ကို တင်းကျပ်စစ်ဆေးနေတာကြောင့် မြန်မာ့ဖရဲတွေ တင်ပို့ဖို့ ခက်ခဲသွားပြီး မြန်မာဘက်သို့ ပြန်လှည့်လာကာ စွန့်ပစ်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

မန့်ဝိန်းဂိတ်မှ တရုတ်နိုင်ငံသို့ ပုပ်ပျက်လွယ်တဲ့ကုန်တွေကလွဲပြီး  ဆန်၊ ဆန်ကွဲ၊ ပြောင်း အပါဝင် တခြား စိုက်ပျိုးရေးထွက်ကုန်နဲ့ ကုန်ခြောက်တွေ မြန်မာဘက်ကနေ တင်ပို့နေတာလည်း ဖြစ်ပါတယ်။

10 mins Ago

November 26, 2020

မူဆယ်မြို့ မန့်ဝိန်းနယ်စပ်ဂိတ်အနီးတွင် ဗုံးပေါက်ကွဲ

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ မန့်ဝိန်း နယ်စပ်ဂိတ်အနီးမှာ နိုဝင်ဘာ ၂၅ ရက် ည ၈ နာရီ ကျော်လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တရုတ်ကျောင်း ကွာရန်တင်းစင်တာ တာဝန်ခံ ဦးမန်းမျိုးမြင့်က "ဟုတ်တယ်။ ဗုံးပေါက်ကွဲတာ။ ထိခိုက်မှုတော့ မရှိဘူး။ သက်ဆိုင်ရာ လူကြီးတွေလည်း ရောက်နေတယ်။ ဘယ်လို ဖြစ်တာတော့ မသိရသေးဘူး" လို့ ပြောပါတယ်။ ​ရွှေမြန်မာ အွန်လိုင်းအ​ရေး​ပေါ် ကျန်းမာ​ရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ကိုချမ်း​မြေ့က "မန့်ဝိန်းပေါက် အနီးက ပြည်သူ့စစ်ပိုင် အိမ်ရှေ့ကွဲတာ။ အနီးနားမှာ" လို့ ပြောပါတယ်။ သတင်း- Pra Jaw Photo Credit# ​ဒေသခံ
6 months Ago
Up