close

မန္တလေးခရိုင်တရားရုံး

close

May 22, 2022

မန္တလေးခရိုင်တရားရုံးအနီး ဗုံးပေါက်ကွဲ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက် ၆၅ လမ်း၊ ၃၃ လမ်း နဲ့ ၃၄ ကြားရှိ မန္တလေးခရိုင်တရားရုံးအနီးမှာ မေ ၂၂ ရက် မနက် ၉ နာရီကျော်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးခရိုင်တရားရုံးအနီးက တရားရေး၀န်ထမ်း အိမ်ရာဝင်းအတွင်း ခြံစည်းရိုး အုတ်တံ တိုင်းနဲ့ အဆောက်အအုံအုတ်နံရံကြား ပေါက်ကွဲခဲ့တာလို့ တရားရေးဝန်ထမ်းနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

“ဗုံးကွဲတာက ဝန်ထမ်းအိမ်ရာဘက်ကွဲတာ။ ထိခိုက်တာတော့မရှိဘူးကြားတယ်။ အရင်ကလည်း နှစ်ခါလောက်ကွဲဖူးတယ်။” 

မေ ၂၁ ရက်ကလည်း ပြည်ကြီးတံခွန်မြို့နယ် တရားရုံးရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက် ဒဏ်ရာရတာနဲ့ ပျက်စီးဆုံးရှုံးတာ မရှိခဲ့ပါဘူး။

ပုံစာ -ယခင်က မန္တလေးခရိုင်တရားရုံး ဗုံးပေါက်ကွဲမှုဖြစ်ခဲ့စဉ်

1 hour Ago

April 30, 2021

မန္တလေးခရိုင်တရားရုံးအနီး တရားရေး ၀န်ထမ်းအိမ်ရာတွင် လက်လုပ်မိုင်းကွဲ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၄ လမ်း နဲ့ ၆၅ လမ်းကြား၊ ၃၃ လမ်းနဲ့ ၃၄ လမ်းကြားရှိ မန္တလေးခရိုင်တရားရုံးအနီးက တရားရေး ၀န်ထမ်းအိမ်ရာဝင်းအတွင်းမှာ ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်းက လက်လုပ်မိုင်းပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

ဆိုင်ကယ်နဲ့ လာရောက်ပစ်သွားတာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူလည်း မရှိဘူးလို့ သိရပါတယ်။

မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း လက်လုပ်မိုင်းကွဲတာ မကြာခဏ ဖြစ်နေပြီး ဧပြီ ၂၉ ရက်နေ့ကလည်း စည်ပင်ဝန်ထမ်းအိမ်ရာမှာ လက်လုပ်မိုင်းကွဲခဲ့ပါသေးတယ်။

1 year Ago
Up