close

မန္တလေးဆေးတက္ကသိုလ်

close

May 21, 2022

စစ်တပ်၏ပစ်ခတ်မှုကြောင့် မန္တလေးဆေးတက္ကသိုလ် ကျောင်းသား ၁ ဦး ဦးခေါင်းကျည်ထိမှန် သေဆုံး

စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ဦးခေါင်းကျည်ထိမှန်သေဆုံးခဲ့တဲ့ မန္တလေး ဆေးတက္ကသိုလ် တတိယနှစ်ကျောင်းသား ကိုကျော်ညီဇင်ရဲ့ ရုပ်အလောင်းကို  မေ ၂၁ ရက် ညနေ ၃ နာရီက မန္တလေး အေးရိပ်ငြိမ် သုသာန်မှာ သင်္ဂြိုလ်ခဲ့ပါတယ်။

မေလ ၂၀ ရက်နေ့က မန္တလေး- မုံရွာကားလမ်းမပေါ် မြင်းမူအကျော်နေရာမှာ   စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် မန္တလေး ဆေးတက္ကသိုလ် တတိယနှစ်ကျောင်းသား ကိုကျော်ညီဇင်ရဲ့ ဦးခေါင်းကို ကျည်ထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။

ကိုကျော်ညီဇင်ဟာ ဆေးတက္ကသိုလ် - မန္တလေး ၊ တတိယနှစ်သင်တန်း (၁၂/၂၀၁၇) က ကျောင်းသား ဖြစ်ပြီး  မိသားစုဝင်တွေနဲ့အတူ  ခရီးသွားလာနေစဉ် ကျည်ထိမှန်သေဆုံးခဲ့တာလို့ သိရပါတယ်။

ကိုကျော်ညီဇင်ဟာ စစ်ကောင်စီဖွင့်လှစ်နေတဲ့ တတိယနှစ် အမ်ဘီဘီအက်စ် သင်တန်း ( ပုံမှန် ) ကိုလည်း မတက်ရောက်ဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ သပိတ်မှောက်ကျောင်းသား  တဦးဖြစ်တယ်လို့ Medical Family Mandalay က ထုတ်ပြန်ထားပါတယ်။

5 mins Ago

January 27, 2021

မန္တလေးဆေးတက္ကသိုလ်ရှိ ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေးထိုးပေး (ဓာတ်ပုံ)

မန္တလေးဆေးတက္ကသိုလ်က ကျန်းမာရေးဝန်ထမ်း ၂၀၀ လောက်ကို  ဇန်နဝါရီလ ၂၇ ရက် ဒီနေ့ မွန်းလွဲ ၂ နာရီက ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးပေးနေပါတယ်။

နောက်နေ့တွေလည်း ထပ်မံထိုးပေးသွားဖို့ရှိနေပြီး သုံးရက်လောက် ထိုးပေးသွားမယ်လို့ ဆေးတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်က ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေ ဒီကနေ့မနက်မှာ မန္တလေးလေဆိပ်ကို ရောက်ရှိခဲ့တာဖြစ်ပြီး မန္တလေးတိုင်းအတွင်းက ကျန်းမာရေးဝန်ထမ်း ၁၅၆၈၉ ယောက်ကို ဦးစားပေး ထိုးပေးသွားဖို့ အစီအစဉ်ရှိပါတယ်။ 

မန္တလေးတိုင်းအတွက် ကာကွယ်ဆေးပုလင်းပေါင်း ၁၇၄၂ ပုလင်း ရခဲ့တာဖြစ်ပြီး  တစ်ပုလင်းကို လူ ၁၀  ဦး ထိုးပေးနိုင်မယ်လို့  သိရပါတယ်။

သတင်း - နိုင်လင်းဦး

1 year Ago
Up