close

မန္တလေးတိုင်းဒေသကြီးလွှတ်တော်

close

December 9, 2021

မန္တလေးတိုင်းဒေသကြီးလွှတ်တော်အနီး လက်လုပ်မိုင်းများတွေ့ရှိ

မန္တလေး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ မန္တလေးတိုင်းဒေသကြီးလွှတ်တော် အနီးနဲ့ ကျောင်းဆရာမတယောက်ရဲ့ နေအိမ်အနီးမှာ  ဒီဇင်ဘာလ ၉ ရက် ဒီမနက်ပိုင်းက မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတွေ တွေ့ရှိခဲ့ပါတယ်။

ဥပုသ်တော်ရပ်ကွက်၊ ၉ လမ်း၊ လမ်း ၇၀ နဲ့ ၇၃ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးအနီးမှာ မနက် ၇ နာရီ ဝန်းကျင်က မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်း တွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် မနက် ၈ နာရီဝန်းကျင်ကလည်း ဥပုသ်တော်ရပ်ကွက်၊ ၁၀ လမ်း၊၇၅ လမ်း နဲ့ ၇၆ လမ်းကြားရှိ အမှတ် (၂၅) အခြေခံပညာအထက်တန်းကျောင်းက ဆရာမရဲ့ နေအိမ်ရှေ့သစ်ပင်ခြေရင်းမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတစ်ခု တွေ့ရှိခဲ့ပါတယ်။

“လွှတ်တော်ရုံးနားမှာက အစောင့်တွေ အမြဲရှိတယ်။ နောက်ပြီး လမ်းကိုလည်း အတားအဆီးတွေ ဘယ်ရီဂိတ်တွေ ချထားတယ်။ နောက် ၂၅ ကျောင်းက ဆရာမ အိမ်ရှေ့မှာလည်း လက်လုပ်ဗုံးတွေ့တယ်။ ဆရာမက CDM ဆရာမ မဟုတ်ဘူး။” လို့ ဥပုသ်တော်ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

အဲ့ဒီမပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတွေကို စစ်ကောင်စီတပ်သားတွေ လာရောက်ရှင်းလင်းခဲ့ပြီး အနီးပတ်ဝန်းကျင်မှာ စစ်ဆေးသွား တယ်လို့ သိရပါတယ်။

6 mins Ago

December 1, 2020

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ နောက်ဆုံး အစည်းအဝေး ကျင်းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရဲ့ ၂၁ ကြိမ်မြောက်ပုံမှန်   အစည်းအဝေးကို ဒီဇင်ဘာလ ၁ ရက်နေ့က စတင်ကျင်းပနေပါတယ်။ ဒီအစည်းအဝေးဟာ (၂၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ပထမနေ့) ဖြစ်ပြီး အခုလက်ရှိ လွှတ်တော်သက်တမ်းအတွင်း နောက်ဆုံးအကြိမ်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးလည်း ဖြစ်ပါတယ်။ ဒီကနေ့မှာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၊ တရားသူကြီးချုပ်ရဲ့ အမည်စာရင်းနဲ့ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၊ တရားသူကြီးရဲ့ အမည်စာရင်းကို တင်သွင်း ကြေညာခဲ့ပါတယ်။ မန္တလေးတိုင်းတရားသူကြီးချုပ်အဖြစ် ဦးကြည်သိန်း(ခ)ဦကြည်သိန်းအောင်နဲ့ တိုင်းတရားသူကြီးအဖြစ် ဒေါ်ကြည်ကြည်သိန်းတို့ ကို အမည်စာရင်းတင်သွင်းခဲ့ကြတာဖြစ်ပါတယ်။ အမည်စာရင်းတင်သွင်းထားတဲ့အပေါ် ဒီဇင်ဘာ ၂ ရက်နေ့ ကျင်းပမယ့် လွှတ်တော်မှာ ကန့်ကွက်နိုင်ကြောင်းနဲ့ ကန့်ကွက်သူမရှိပါက ဆက်လက် အတည်ပြု ခန့်အပ်မှာ ဖြစ်ပါတယ်။ သတင်း - ထိန်ထိန်လင်း
1 year Ago
Up