close

မန္တလေးတိုင်း တရားလွှတ်တော်ရုံး

close

November 11, 2021

မန္တလေးတိုင်း တရားလွှတ်တော်ရုံးအနီး ဗုံးပေါက်ကွဲ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် လမ်း ၃၀၊ ၆၈ လမ်းနဲ့ လမ်း ၇၀ အကြားရှိ ရုံးပေါင်းစုံဝင်းအတွင်း နိုဝင်ဘာ ၁၁  ရက် ဒီမနက် ၁၁ နာရီလောက်က  ဗုံးပေါက်ကွဲခဲ့ပါတယ်။

လက်လုပ်ဗုံးနဲ့ ပစ်ခဲ့တာဖြစ်ပြီး မန္တလေးတိုင်း တရားလွှတ်တော်ရုံး အနီးရှိ မြက်ခင်းပြင်မှာ ပေါက်ကွဲခဲ့တာဖြစ်ကာ  ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ သိရပါတယ်။

“ပေါက်ကွဲတာ ဟုတ်တယ်။ ရုံးထဲ အရင်ကလို လူရှုပ်မနေဘူး ဆိုတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး။ ပိုက်နဲ့ လုပ်ထားတဲ့ လက်လုပ်မိုင်းနဲ့ ပစ်ခံရတာ။” လို့ အနီးအနားရှိ  ပြည်သူတဦး က ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာ စစ်ကောင်စီ လက်နက်ကိုင်တပ်တွေက  လမ်းကို ယာယီပိတ်လိုက်ကာ အနီးပတ်ဝန်းကျင် စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

1 min Ago
Up