close

မန္တလေးနန်းြမို့ရိုး

close

June 15, 2022

မန္တလေး နန်းမြို့ရိုးအနီးရှိ စစ်တပ်ဂိတ်ကို မြို့ပြပြောက်ကျားအဖွဲ့ တိုက်ခိုက်

မန္တလေးမြို့၊ နန်းမြို့ရိုးဝင်ပေါက်မှာရှိတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဂိတ်ပေါက်ဝကို ဇွန် ၁၅ ရက် မနက်က သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Mandalay Ranger Force -PDF (ROM) က ထုတ်ပြန်ပါတယ်။

မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ Mandalay Ranger Force – PDF (ROM)၊ YURF နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်တွေ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ Mandalay Ranger Force -PDF (ROM) မှ တာဝန်ရှိသူတဦးက "အခုက အတိုနဲ့ ပစ်ခဲ့ရလို့ ဗန်ကာပဲထိနိုင်ပါတယ်။ ပြန်ကြည့်လို့မရတော့ အတိအကျတော့ မသိနိုင်ဘူး။ သေနတ်အရှည်ကောင်းကောင်းနဲ့ဆိုရင်တော့ သေနိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီကားတွေ ရောက်လာပြီး တားဆီးစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတဦးထံက သိရပါတယ်။

မန္တလေးမှာ စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက်နှိမ်နင်းတာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်နေတဲ့ကြားက မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ မဟာမိတ်တပ်ပေါင်းစုတွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ နေရာတွေကို အန္တရာယ်တွေကြားက ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

1 min Ago
Up