close

မန္တလေးမဟာမိတ်သပိတ်စစ်ကြောင်း

close

May 12, 2021

မန္တလေးမဟာမိတ်သပိတ်စစ်ကြောင်း ဖြိုခွဲခံရ၊ အယောက် ၂၀ ထက်မနည်းဖမ်းဆီးခံရ

မန္တလေးမြို့  ပြည်ကြီးတံခွန်မြို့နယ် ၇၁ လမ်း ၊ ၁၁၇ လမ်း အနီးမှာ ဒီကနေ့ မေ ၁၂ ရက် မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး စုပေါင်းချီတက်ဆန္ဒပြတဲ့  မဟာမိတ်သပိတ်စစ်ကြောင်းကို ရဲနဲ့စစ်တပ်က အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။

မဟာမိတ်စစ်ကြောင်းတွေ စတင်ချီတက်ပြီး မကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်အဖွဲ့တွေရောက်လာပြီး အသံဗုံးခွဲကာ  ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

“စစ်ကောင်စီရဲ့ လူတွေက နှစ်ဖက်ညှပ်ပြီး ဖမ်းတာ။ အဖမ်းခံရတော်တော်များတယ်။ စစ်ကြောင်းမှာ ပါတဲ့ ဆရာဆရာမတွေဆိုရင် ရိုက်နှက် ကန်ကြောက်ပြီး ဖမ်းဆီးသွားတာ။” လို့ စစ်ကြောင်းမှာ ပါဝင်တဲ့ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရသူတွေကို အချုပ်ကား ၂  စီးနဲ့ခေါ်သွားတာဖြစ်ပြီး လူအယောက် ၂၀ ထက် မနည်းရှိတယ်လို့ မျက်မြင်တွေ့သူက ဆိုပါတယ်။

မဟာမိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြုတ်ကျရေးနဲ့ စစ်ကျွန်ပညာရေးစနစ်အလိုမရှိ စတာတွေကို ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြနေတဲ့ အဓိက စစ်ကြောင်းတစ်ခု ဖြစ်ပါတယ်။

4 mins Ago
Up