close

မန္တလေးမြို့တော်ဝန်

close

July 22, 2021

စစ်ကောင်စီခန့် မန္တလေးမြို့တော်ဝန် ကိုဗစ်-၁၉ ကူးစက်ခံရ

မန္တလေးတိုင်းဒေသကြီး စစ်ကောင်စီရဲ့ စည်ပင်သာယာရေးဝန်ကြီး၊ မြို့တော်ဝန် ဦးကျော်ဆန်းဟာ ဇူလိုင် ၂၂ ရက်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့အတွက် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီမြို့တော်ဝန်အနေနဲ့ ဘယ်က ကူးစက်တယ်ဆိုတာ မသိရဘဲ လက်ရှိမှာ ကျန်းမာရေး ကောင်းမွန်တဲ့အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။

ဇူလိုင် ၂၁ ရက်နေ့ကလည်း မန္တလေးတိုင်းဒေသကြီး စစ်ကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုမှာ ကိုဗစ်ပိုးတွေ့ခဲ့တာကြောင့် ဆေးရုံတက်ကုသမှု ခံယူနေရပါတယ်။

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ ဇွန် ၅ ရက်နေ့ကနေ ဇူလိုင် ၂၂ ရက် ညနေပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၅၅၆ ဦး၊ ၁၄၇ ဦး သေဆုံးပြီး ၁၆၃ ဦး ဆေးကုသမှုခံယူနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

12 hours Ago

April 27, 2021

စစ်ကောင်စီ၏ မန္တလေးမြို့တော်ဝန် နေအိမ် လက်လုပ်ဗုံးဖြင့် ပစ်ခံရ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၇၀၊ ၃၂ လမ်းရှိ အာဏာသိမ်းစစ်ကောင်စီက တင်ထားတဲ့ မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းရဲ့ နေအိမ် ဧပြီ ၂၇ ရက်နေ့က လက်လုပ်ဗုံးနဲ့ ပစ်ခံရတယ်လို့ သိရပါတယ်။

ဒီလို လက်လုပ်ဗုံးနဲ့ ပစ်ခံရပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘဲ အနီးအနားမှာ လုံခြုံရေးတိုးမြှင့်ချထားတာကို တွေ့ရပါတယ်။

လက်ရှိ မြို့တော်ဝန် ဦးကျော်ဆန်းဟာ အရင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဖြစ်ပါတယ်။

3 months Ago
Up