close

မန္တလေး စည်ပင်သာယာကတ္တရာစက်ရုံ

close

July 20, 2021

မန္တလေး စည်ပင်သာယာ ကတ္တရာစက်ရုံ မီးလောင်မှုဖြစ်

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ယာတော်ရပ်ကွက်၊ စက်မှုပန်းခြံလမ်း၊ အကွက်အမှတ်(ဘီ-၄)ရှိ မန္တလေး စည်ပင်သာယာ ကတ္တရာစက်ရုံမှာ ဇူလိုင် ၂၀ ရက် ၁၀ နာရီ ၁၅ မိနစ်လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

နိုင်လွန်ကတ္တရာထုတ်စက်ရုံက ကတ္တရာထုတ်လုပ်တဲ့စက် အပူလွန်ကဲပြီး မီးစတင်လောင်တာ ဖြစ်ပြီး ၁၀ နာရီခွဲလောက်မှာ မီးငြှိမ်းနိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သိရပါတယ်။

အဲဒီမီးလောင်မှုကြောင့် ဆုံးရှုံးမှု ဘယ်လောက်ရှိတယ်ဆိုတာနဲ့ အရေးယူဆောင်ရွက်မှု အပိုင်းကိုတော့ မသိရသေးပါဘူး။

2 mins Ago
Up