close

မန္တလေး စိန်ပန်းရပ်ကွက်

close

November 8, 2021

မန္တလေး စိန်ပန်းရပ်ကွက်တွင် အမျိုးသား ၁ ဦး ပစ်ခတ်ခံရ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက် ၉၁ လမ်း ၊ ၃၉ လမ်းနဲ့  လမ်း၄၀ အကြားမှာ နိုဝင်ဘာ ၈ ရက် ဒီနေ့မနက် ၇ နာရီကျော်လောက်က  အမျိုးသားတယောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရ ပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရသူဟာ အသက် (၅၈) နှစ်အရွယ် ဦးထွန်းထွန်း ဆိုသူဖြစ်ပြီး စစ်ကောင်စီက ဖွဲ့ပေးထားတဲ့ ရပ်ကွက်တည်ငြိမ်အေးချမ်းရေးအဖွဲ့မှာ ပါဝင်သူဖြစ်တယ်လို့ သိရပါတယ်။

“အသတ်ခံရသူက ရပ်ကွက်ထဲမှာ သတင်းပေး ဒလန်ဆိုပြီး သတင်းထွက်နေတာ။ သူကိုယ်တိုင်ကလည်း ရပ်ကွက်တည်ငြိမ်အေးချမ်းရေးအဖွဲ့မှာ ပါတယ်။ ပစ်သတ်ခံရတာ သေနိုင်တယ်။ လေးချက်ပစ်တာဆိုတော့။” လို့ ရပ်ကွက်နေပြည်သူ တစ်ဦး က ပြောပါတယ်။

ဦးထွန်းထွန်း သေနတ်နဲ့ ပစ်သတ်ခံရပြီး မကြာခင်မှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေရောက်လာပြီး အနီးပတ်ဝန်းကျင်မှာ စစ်ဆေးတာနဲ့ သွားလာနေတဲ့ ပြည်သူတွေရဲ့ ဆိုင်ကယ်ကို စစ်ရပ်တန့်စစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

2 mins Ago
Up