close

မန္တလေး - ပုသိမ်ကြီး

close

February 3, 2022

မန္တလေး - ပုသိမ်ကြီးသွားလမ်းဘေးတွင် ဗုံးပေါက်ကွဲ၊ အမျိုးသမီးတစ်ဦး သေဆုံး

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာ၊ ၁၉လမ်း၊ မန္တလေး - ပုသိမ်ကြီး သွားလမ်းဘေးမှာ ဖေဖော်ဝါရီ ၃ ရက်၊ မနက် ၆ နာရီခွဲဝန်းကျင်က လက်လုပ်ဗုံး တစ်လုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် အသက် ၅၀ အရွယ် အမည်မသိအမျိုးသမီးတစ်ဦး ခေါင်း၊ လက်၊ ခြေထောက်တို့မှာ ဒဏ်ရာတွေရရှိပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“မနက်က ဗုံးသံကြားလိုက်တယ်။ နန်းဦးလွင်ဘက် ကင်ဆာဖောင်ဒေးရှင်းနားလောက်ဖြစ်မယ်။ ဖြစ်စဉ်အတိအကျတော့ မသိဘူး” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦးက ပြောပါတယ်။

အဆိုပါပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်က အနီးဝန်းကျင်မှာ စစ်ဆေးတာတွေ လုပ်ခဲ့တဲ့အပြင် နန်းဦးလွင်ရွာအတွင်းအရပ်ဝတ်တချို့လည်း စုံစမ်းမေးမြန်းတာတွေ ရှိတယ်လို့ သိရပါတယ်။

2 mins Ago
Up