close

မန္တလေး - ပြင်ဦးလွင်လမ်း

close

May 23, 2022

မန္တလေး - ပြင်ဦးလွင်လမ်းတွင် ကားမှောက်ပြီး လူ ၂ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် မန္တလေး - ပြင်ဦးလွင်လမ်း မိုင်တိုင် 16/4 အနီးမှာ မေလ ၂၃ ရက် မွန်းလွဲ  ၁၂ ခွဲကျော်က ကားတစီးအရှိန်လွန် တိမ်းမှောက်လို့ အမျိုးသား ၂ ယောက် ဒဏ်ရာရသွားပါတယ်။

ကားဟာအရှိန်လွန် တိမ်းမှောက်ပြီး ချောက်နှုတ်ခမ်းမှာ တင်ရှိနေတာဖြစ်ကာ လမ်းကြုံ ရောက်ရှိလာတဲ့ လုပ်ငန်းသုံး ကရိန်းယာဉ်နဲ့ ချောက်နှုတ်ခမ်းမှာ တင်ရှိနေတဲ့  အမျိုးသားယောက်ကို အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့တယ်လို့ စေတနာမွန် လူမှုကူညီရေးအသင်း(အုန်းချော) က ထုတ်ပြန်ထားပါတယ်။

အမျိုးသားနှစ်ယောက်ဟာ မစိုးရိမ်ရတဲ့ ဒဏ်ရာတချို့ရရှိခဲ့ပြီး မန္တလေး ဆေးရုံကြီးသို့ စေ‌တနာမွန် လူနာတင်ယာဉ်နဲ့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

3 hours Ago
Up