close

မန္တလေး - ပြင်ဦးလွင်

close

December 4, 2021

မန္တလေး - ပြင်ဦးလွင် ရထားလမ်းအနီး ဗုံးပေါက်ကွဲပြီး လူ ၁ ဦး သေဆုံး

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၈ လမ်းနဲ့ ၅၉ လမ်းကြား ၁၁၄ လမ်း နဲ့ ၁၁၅ လမ်းကြားရှိ မန္တလေး-ပြင်ဦးလွင် မီးရထားလမ်းဘေးမှာ ဒီဇင်ဘာလ ၄ ရက် မနက် ၅ နာရီကျော်လောက်က  ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်တဲ့အနီးမှာ အမည်မသိ အမျိုးသားတယောက်  မိုင်းစထိမှန် သေဆုံးတာကို တွေ့ရှိရတယ်လို့ ရပ်ကွက်နေပြည်သူ တချို့ကပြောပါတယ်။

ဒါ့အပြင် ပြည်ကြီးတံခွန်မြို့နယ်မှာလည်း ဒီဇင်ဘာလ ၄ ရက် မနက် ၆ နာရီကျော်လောက်က မန္တလေး-ပြင်ဦးလွင် ရထားလမ်း ဗုံးကွဲခဲ့ပြီး  သံလမ်းတောင်ဘက်ခြမ်း ၂ ပေလောက် ပျက်စီးသွားပါတယ်။

5 mins Ago

October 8, 2021

မန္တလေး - ပြင်ဦးလွင် ရထားသံလမ်း တံတား ဒုတိယအကြိမ် ဖောက်ခွဲခံရ

မန္တလေးမြို့တိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ၅၆ လမ်း နဲ့ ၅၈ လမ်းကြား၊ ၁၁၅ လမ်း နဲ့ ၁၁၆ လမ်း အနီးက မန္တလေး - ပြင်ဦးလွင် ရထားသံလမ်းတံတား အောက်တိုဘာလ ၈ ရက် မနက် ၇ နာရီကျော်က  ဒုတိယအကြိမ် ဖောက်ခွဲခံခဲ့ရပါတယ်။

ဖောက်ခွဲမှုကြောင့်  သံလမ်းပျက်စီးသွားပြီး လူထိခိုက် ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ အနီးပတ်ဝန်းကျင်ရှိ ဒေသခံတစ်ဦး က ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးမကြာခင်မှာ စစ်ကောင်စီလက်နက်ကိုင်တပ်တွေရောက်လာပြီး ပေါက်ကွဲမှုဖြစ်တဲ့ အနီးပတ်ဝန်းကျင်မှာ စစ်ဆေးတာတွေ ရှာဖွေခဲ့ပါတယ်။

စက်တင်ဘာလ ၂၈ ရက်ကလည်း  အဆိုပါနေရာမှာ  ပထမအကြိမ် ဖောက်ခွဲခံရရပြီး  မန္တလေး - ပြင်ဦးလွင် ရထားသံလမ်း တံတားပျက်စီးသွားပေမဲ့ လူတွေ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။

2 months Ago
Up