close

မန္တလေး-မြင်းမူ-မုံရွာလမ်း

close

November 29, 2021

မန္တလေး- မြင်းမူ-မုံရွာလမ်း ဖြတ်သန်းသွားလာခွင့် Black Eagle အဖွဲ့က ယာယီပိတ်

မန္တလေး-မြင်းမူလမ်းကို နိုဝင်ဘာ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်ကစပြီး ဖြတ်သန်းသွားလာခွင့် ယာယီပိတ်လိုက်ပြီလို့ Black Eagle ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

မုံရွာဒေသခံကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ မန္တလေး-မြင်းမူ-မုံရွာလမ်းပိုင်းတို့ကို ယာယီခေတ္တ ပိတ်ထားဦးမယ်လို့ မုံရွာ PDF အဖွဲ့ တာဝန်ရှိသူ ရဲဘော်ဂျွန်က ပြောပါတယ်။

“လတ်တလော မန္တလေး-မြင်းမူလမ်းကတော့ ပိတ်ထားရမယ်။ ဟိုဘက်က ဆင်းလာတဲ့ စစ်ကားတွေကို မိုင်းဆွဲတဲ့အခါမှာ ပြည်သူတွေ ထိခိုက်မှုတွေ ရှိတယ်။ ဒီတခါ မိုင်းဆွဲတဲ့ ကိစ္စတွေမှာ ပြည်သူ မထိခိုက်ရေးအတွက် ပိတ်ထားတယ်။” 

လတ်တလောအနေအထားအရ ဒေသခံကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို ရှေးရှုပြီး လမ်းကို ခေတ္တခဏယာယီပိတ်သွားမှာဖြစ်ပြီး အခြေအနေတည်ငြိမ်သွားရင်တော့ ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုမယ်လို့ ရဲဘော်ဂျွန်က ပြောပါတယ်။

အခုလို လမ်းပိတ်တဲ့အတွက် မုံရွာ-မန္တလေးကားလမ်းကို သုံးပြီး ကုန်စည်ပို့ရတာ အခက်အခဲရှိတယ်လို့  မုံရွာ-မန္တလေး ပြေးဆွဲနေတဲ့ ကားဆရာတစ်ဦးက ပြောပါတယ်။

မန္တလေး-မြင်းမူ-မုံရွာလမ်းပိုင်း၊ မန္တလေး-အရာတော်-မုံရွာလမ်းပိုင်း၊  မန္တလေး-ရွှေဘို- မုံရွာလမ်းပိုင်း၊  ပခုက္ကူ-ချောင်းဦး-မုံရွာလမ်းပိုင်း စတဲ့လမ်းပိုင်းတွေကို နိုဝင်ဘာ ၂၈ ရက်ည ၇ နာရီ ၁၅ မိနစ်ကစပြီး ဖြတ်သန်းသွားလာတာ လုံးဝမပြုလုပ်ဖို့နဲ့ လမ်းပိုင်း အသုံးပြုလို့ရမယ် အချိန်နဲ့ နေ့ရက်တွေကို ထပ်မံအသိပေးသွားမယ်လို့ ချောက်ဦး PDF နဲ့ မုံရွာ PDF အဖွဲ့က အသိပေးချက် ထုတ်ပြန်ထားပါတယ်။

1 min Ago
Up