close

မန္တလေး မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာ

close

October 22, 2021

မန္တလေး မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာတွင် မီးလောင်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊(၁၁၈-C) လမ်းနဲ့ (၄၅×၄၆) လမ်းကြားရှိ မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာမှာ အောက်တိုဘာ ၂၁ ရက် ည ၇ နာရီခွဲလောက်က မီးလောင်မှုဖြစ်ခဲ့ပါတယ်။

(မမ-၂၈)၊ တိုက်အမှတ် (၂၆) အခန်းအမှတ် (၃) ရဲ့ အိပ်ခန်းအတွင်း တပ်ဆင်ထားတဲ့ Aircon SafeGuard အပူလွန်ကဲရာကနေ အောက်ခြေရှိမွေ့ရာပေါ်ကို မီးပွားကျကာ မီးလောင်ကျွမ်း ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် ၁၀ ပေ ၁၅ ပေအခန်းအတွင်းရှိ ပစ္စည်းတချို့မီးလောင်ပျက်စီးခဲ့ကာ  ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် တစ်သိန်းကျော်ရှိတယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မီးလောင်မှုနဲ့ပတ်သက်လို့ အခန်းငှား နေထိုင်နေသူ အမျိုးသမီးကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၂၈၅ နဲ့ အမှုဖွင့် အရေယူထားပါတယ်။

2 mins Ago
Up