close

မန်စီးတီးနှင့် ချဲလ်ဆီး

close

July 17, 2021

ဟာရီကိန်းကို မရောင်းဟု မန်စီးတီးနှင့် ချဲလ်ဆီးကို နည်းပြဆန်းတို့စ် သတိပေး

တိုက်စစ်မှူးဟာရီကိန်းကို ရောင်းချမှာမဟုတ်ဘူးလို့  ခေါ်ယူလိုနေတဲ့ မန်စီးတီးနဲ့ ချဲလ်ဆီး အသင်းတို့ကို စပါးနည်းပြ နူနိုဆန်းတို့စ် ကသတိပေးလိုက်ပါတယ်။ 

ဝုဗ်အသင်းကနေပြောင်းရွှေ့လာခဲ့တဲ့ ပေါ်တူဂီ နည်းပြဆန်းတို့စ်ဟာ စပါးအသင်းကို ရောက်ရှိချိန်မှာတော့ အဓိကတိုက်စစ်မှူး ဟာရီကိန်း ဆက်ထိန်းနိုင်ဖို့ ကြိုးပမ်းနေရတာဖြစ်ပါတယ်။ 

ဟာရီကိန်းက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ပြီး သူနဲ့ တွဲဖက်လုပ်ဆောင်ရမှာကို စိတ်လှုပ်ရှားမိတယ်လို့ နည်းပြဆန်းတို့စ်က ပြောပါတယ်။ 

“ဟာရီကိန်းက ကျနော် ကစားသမားပါ။ ဒီအချိန်မှာ ဘာမှပြောဖို့တောင် မလိုအပ်ပါဘူး။  ဒီအချိန်က သူ့အနေနဲ့ ကြံ့ခိုင်မှုပြန်ကောင်းလာဖို့ လုပ်ဆောင်ရမယ့်အချိန်ပါ။ သူအသင်းဆီပြန်ရောက်လာတာနဲ့ ကောင်းမွန်တဲ့ဆွေးနွေးမှုတခု ကျနော်တို့လုပ်ဆောင်သွားပါမယ်။ အခုတော့ သူအသင်းဆီ ပြန်လာဖို့ပြင်ဆင်ရပါမယ်။ သူနဲ့အတူ အသင်းသားတွေ အားလုံးစုံစုံလင်လင်နဲ့ ရှေ့ဆက်သွားချင်ပါတယ်။” 

၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ စပါးအသင်းအတွက် ၃၃၆ ပွဲမှာ ၂၂၁ ဂိုးအထိ သွင်းယူထားပါတယ်။ 

6 mins Ago
Up