close

မန်စီးတီးလူငယ် ၂ သင်း

close

July 19, 2021

မန်စီးတီးလူငယ် ၂ သင်းတွင် ကိုဗစ်ပိုးတွေ့ရှိသဖြင့် ခြေစမ်းပွဲများတွက် အခက်တွေ့နေ

 မန်စီးတီးလူငယ်အသင်း ၂ သင်းက ကစားသမားတွေမှာ ကိုဗစ်-၁၉ ရောဂါး ပိုးတွေ့ရှိခဲ့တာကြောင့် ခြေစမ်းပွဲတွေအတွက် အခက်တွေ့နေရပါတယ်။ 

ယူ ၂၃ နဲ့ ယူ ၁၈ လူငယ်အသင်းတွေက ကစားသမား ၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ပြီး ရာသီကြိုခြေစမ်းပွဲတွေကစားဖို့ စီစဉ်ထားတဲ့ နည်းပြ ဂွါဒီယိုလာအတွက် အခက်တွေ့ဖို့ရှိနေတာပါ။ 

မန်စီးတီးအသင်းဟာ ယူရိုပြိုင်ပွဲအတွက် ကစားသမားအများအပြားစေလွှတ် ပေးခဲ့ရတာကြောင့် ရာသီကြိုခြေစမ်းပွဲတွေမှာ လူငယ်အများစုကို ခြေစွမ်းစမ်းသပ်ခွင့် ပေးဖို့ ပြင်ဆင်ထားတာပါ။ 

လက်တလော ကိုဗစ်-၁၉ ပျံ့နှံ့နေမှုကြောင့် ပရက်စတန်၊ ထရိုင်းရက်စ်တို့နဲ့ ခြေစွမ်း ပွဲတွေမှာ လူငယ်ကြယ်ပွင့်ကစားသမားတချို့ ပါဝင်ခွင့်မရနိုင်တော့တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရ ပါတယ်။ 

မန်စီးတီးအသင်းဟာ အစောဆုံးပြိုင်ပွဲအဖြစ် လက်စတာအသင်းနဲ့ သြဂုတ် ၇ ရက်မှာ ကွန်မြူနတီဒိုင်းဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ 

မန်စီးတီးအသင်းလေ့ကျင့်ရေးကွင်းတွေကိုလည်း ပိတ်ထားပြီး တနင်္လာနေ့ရောက်မှ ပြန်လည် ဖွင့်လှစ်မယ်လို့ သိရပါတယ်။

10 mins Ago
Up