close

မန်စီးတီးး

close

April 19, 2023

ပေါင်သန်း ၃၀၀ သုံးပြီး ပရိသတ် ၆၀,၀၀၀ ဆံ့ကွင်းအဖြစ် တိုးချဲ့ဖို့ မန်စီးတီး တင်ပြ

မန်စီးတီးအသင်းဟာ ပေါင်သန်း ၃၀၀ တန်ပရောဂျက်နဲ့အတူ အိမ်ကွင်း အီတီဟတ်ကိုလည်း ပရိသတ်  ၆၀,၀၀၀ ကြည့်ရှုလို့ရတဲ့ ကွင်းအဖြစ်တိုးချဲ့ဖို့ သက်ဆိုင်ရာကို တင်ပြထားပါတယ်။

လက်ရှိဝင်ဆံ့ဦးရေက ၅၃၄၀၀ ရှိပြီး ၆၀,၀၀၀ အထိဝင်ဆံ့ဖို့အတွက် မြောက်ဘက်ပွဲကြည့်စင်ကို တိုးချဲ့သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ပေါင်သန်း ၃၀၀ ရင်းနှီးမြှုပ်နှံမယ့် အဲဒီပရောဂျက်ထဲမှာ  ကွင်းအပေါ်ကနေ ကြည့်ရှုလို့ရမယ့် Sky Bar တစ်ခုလည်းပါဝင်ပြီး ပရိသတ်တွေအတွက် နားနေခန်းတွေ၊ ဈေးဆိုင်ခန်းနဲ့ ပြတိုက်တွေအပြင်  လူ ၄၀၀ ဆံ့ဟိုတယ်တစ်လုံးလည်း ပါဝင်မယ်လို့သိရပါတယ်။

အဲဒီအခြေခံအဆောက်အဦတွေနဲ့ ဆိုင်ခန်းတွေကနေ အလုပ်သမား ၂၆၀၀ ကို အလုပ်ပေးနိုင်ကြောင်းလည်း မန်စီးတီးအသင်းရဲ့ ခွင့်ပြုမိန့်ရဖို့ လျှောက်ထားချက်မှာ ပါရှိပါတယ်။

အီတီဟတ်ကွင်းကို ၂၀၁၅ ခုနှစ်ကလည်း ပရိသတ် ၆၀၀၀ ထပ်မံဝင်ဆံ့အောင် တိုးချဲ့ခဲ့ပြီး ပရီးမီးယားလိဂ်မှာ  ၅ ခုမြောက် အကြီးဆုံးကွင်းဖြစ်ပါတယ်။

6 mins Ago
Up