close

မန်ဒီ၊ နူအာ

close

January 6, 2022

ကမ္ဘာ့အကောင်းဆုံးဂိုးသမားဆုဆန်ကာတင်စာရင်းတွင် မန်ဒီ၊ နူအာနှင့် ဒွန်နာရမ်မာတို့ အရွေးခံရ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကနေ ချီးမြှင့်မယ့် အကောင်းဆုံးဂိုးသမားဆု ဆန်ကာတင်သုံးဦးစာရင်း ထုတ်ပြန်ခဲ့ရာမှာ မန်ဒီ၊ နူအာနဲ့ ဒွန်နာရမ်မာတို့ ရွေးချယ်ခံခဲ့ရပါတယ်။ 

ချဲလ်ဆီးဂိုးသမား မန်ဒီနဲ့ ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာတို့ဟာ ဖီဖာကမ္ဘာ့အကောင်းဆုံးဆု ဆန်ကာတင် ၃ ဦးစာရင်းမှာ ပထမဆုံးအကြိမ်ရွေးချယ်ခံခဲ့ရတာပါ။ 

ဆီနီဂေါဂိုးသမား မန်ဒီက ၂၀၂၁ ခုနှစ်မှာ ချန်ပီယံလိဂ် ဖလားရယူနိုင်ခဲ့ပြီး အီတလီဂိုးသမား ဒွန်နာရမ်မာကတော့ အီတလီနဲ့အတူ ယူရိုပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တာပါ။ 

ဘိုင်ယန်မြူးနစ်ဂိုးသမား နူအာက ၂၀၂ဝ ပြည့်နှစ်ရဲ့ အကောင်းဆုံးဂိုးသမားဖြစ်ပြီး  ၂၀၂၁ ခုနှစ်အတွက် ဆန်ကာတင် ၃ ဦးစာရင်းမှာလည်း ထပ်မံရွေးချယ်ခံခဲ့ရတာပါ။ 

အမျိုးသမီး ဂိုးသမားဆုအတွက်တော့ ချဲလ်ဆီးက အန်းကတ်သရင်းဘာဂါ၊ လီယွန်က ခရစ္စတီယန်အန်လာနဲ့ ပီအက်စ်ဂျီက လင်းမာရီလက်ဘီတို့ ရွေးချယ်ခံရပါတယ်။ 

ဖီဖာအနေနဲ့ အကောင်းဆုံးအမျိုးသား၊ အမျိုးသမီးဆုတွေ၊ နည်းပြဆုတွေနဲ့ တခြားဆုတွေရဲ့ ဆန်ကာတင်စာရင်းကို ဒီတစ်ပတ်ထဲမှာ ဆက်လက်ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ 

51 seconds Ago
Up