close

မန်ယူဂိုးသမား

close

April 20, 2023

လုပ်ခလျှော့ယူပြီး စာချုပ်သက်တမ်းတိုးရန် မန်ယူဂိုးသမား ဒီဂီယာ သဘောတူ

မန်ယူဂိုးသမား ဒီဂီယာဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက် လုပ်ခလျှော့ယူဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

၂၀၁၁ ခုနှစ်ကတည်းက အသင်းဆီရောက်ရှိလာသူ ဒီဂီယာဟာ မန်ယူအတွက် ပွဲပေါင်း ၄၀၀ ကျော် ကစားခဲ့ပြီး အသင်းရဲ့လုပ်ခအများဆုံး ကစားသမား ဖြစ်နေသူပါ။

စပိန်ဂိုးသမားဟာ တပတ်လုပ်ခ ပေါင် ၃၇၅,၀၀၀ ရရှိနေပြီး စာချုပ်သစ်မှာတော့ အဲဒီလောက်ရရှိတော့မှာ မဟုတ်ဘဲ စွမ်းဆောင်ရည်အပေါ် မူတည်ပြီးတော့ပဲ ဆုကြေးခံစားခွင့် ရရှိနိုင်တယ်လို့ သိရပါတယ်။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဒီဂီယာအနေနဲ့ နောက်ထပ် လေးနှစ်သက်တမ်းတိုးဖို့ရှိလို့ အသက် ၃၆ နှစ်အထိ မန်ယူအသင်းမှာ ဆက်လက်မြင်တွေ့ရဖို့ရှိပါတယ်။

ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်နဲ့ ဒါလော့တို့ကိုလည်း စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

1 min Ago

July 23, 2020

ဒီးဟန်ဒါဆန်ကို ပြန်ခေါ်ပါက  ဒီဂီယာ၏လက်စွမ်းပိုကောင်းလာမည်ဟု ဘာဘာတော့ဗ်သုံးသပ်

ရှက်ဖီးဂိုးသမား ဒီးဟန်ဒါဆန်ကို ပြန်လည်ခေါ်ယူမယ်ဆိုရင် ဒီဂီယာရဲ့လက်စွမ်းပို ကောင်းလာ လိမ်မယ်လို့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က သုံးသပ်ပါတယ်။  မန်ယူဂိုးသမား ဒီဂီယာဟာ ချဲလ်ဆီးနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ အမှားများခဲ့ပြီး တချို့ပွဲ စဉ်တွေမှာလည်း အမှားတချို့ရှိခဲ့တာဖြစ်ပါတယ်။  ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့  ကစားသမားတိုင်းမှာ ပြိုင်ဆိုင်မှု ရှိနေဖို့ လိုအပ်ပြီး ရှက်ဖီးမှာ အငှားချထားတဲ့ ဒီးဟန်ဒါဆန်ကို ပြန်ခေါ်မယ်ဆိုရင် ဒီဂီယာရဲ့ လက်စွမ်း ပိုကောင်းလာမယ်လို့ သုံးသပ်ခဲ့တာပါ။  ပွဲထွက်ခွင့်အတွက် သေချာတယ်ဆိုတဲ့ အတွေးရှိချိန်မှာ ကစားသမားတိုင်းက အမှားကျူး လွန်တတ်ပြီး ယုံကြည်မှုလွန်ကဲသွားတာကြောင့် အမှားပိုများလေ့ရှိတယ်လို့ ဘာဘာတော့ဗ်က စကိုင်းစပေါ့နဲ့အင်တာဗျူးမှာ ပြောပါတယ်။  အသက်၂၃နှစ်ရှိ ဒီးဟန်ဒါဆန်ဟာ ရှက်ဖီးယူနိုက်တက်မှာ ပေးဂိုးမရှိတဲ့ပွဲ ၁၃ ပွဲအထိ ရရှိ အောင် စွမ်းဆောင်ထားပြီး  အင်္ဂလန်နံပါတ်တစ်ဂိုးသမားဖြစ်လာလိမ့်မယ်လို့ ချီးကျူးခံနေရ ပါတယ်။ 
3 years Ago
Up