close

မန်ယူအသင်

close

February 17, 2022

ဒိုင်လူကြီးကို ဝိုင်းဝန်းစောဒကတက်ခဲ့သည့် မန်ယူအသင်း အရေးယူခံရ

မန်ယူနိုက်တက်ကစားသမားတွေဟာ ဘရိုက်တန်ကို ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒိုင်လူကြီးကို ဝိုင်းဝန်းစောဒကတက်မှုလုပ်ခဲ့တာကြောင့် အက်ဖ်အေက အရေးယူသွားတော့မှာပါ။ 

အဲဒီပွဲစဉ် ပွဲချိန် ၅၃ မိနစ်မှာ လူငယ်ကစားသမား အီလန်ဂါကို လူးဝစ်ဒမ့်က ပြစ်ဒဏ်ကျူးလွန်ခဲ့ရာမှာ အဝါကတ်သာ ပြသခဲ့တာကြောင့် မန်ယူကစားသမားတွေက ဒိုင်လူကြီးကို ပြင်းပြင်းထန်ထန်စောဒကတက်ခဲ့ပါတယ်။ 

အဲဒီဖြစ်ရပ်မှာ ဖာနန်ဒက်စ်ကို အဝါကတ်ပြခဲ့ပြီး ဒိုင်လူကြီးက ကွင်းဘေး မော်နီတာဆီသွားပြီး ပြန်လည်စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် ဘရိုက်တန်နောက်ခံလူ လူးဝစ်ဒမ့်ကို အနီကတ် ပြောင်းလဲ ပြသပြီးထုတ်ပယ်ခဲ့ပါတယ်။ 

စီရော်နယ်ဒို၊ ဖာနန်ဒက်စ်၊ ဂျေဒန်ဆန်ချို၊ တွန်မီနေးနဲ့ အီလန်ဂါတို့ဟာ ကွင်းလယ်ဒိုင် ပီတာဘန် ကတ်စ်ကို ဝိုင်းဝန်းပြီး ကစားသမားမပီသတဲ့ အပြုအမှုလုပ်ခဲ့တယ်လို့ အက်ဖ်အေက သတင်းထုတ် ပြန်ပါတယ်။ 

အဲဒီလိုလုပ်ဆောင်မှုဟာ အက်ဖ်အေရဲ့စည်းမျဉ်း  E 20 .1  ကို ချိုးဖောက်ခဲ့တာဖြစ်လို့ ကစားသမားတွေကို မထိန်းနိုင်ခဲ့တဲ့ မန်ယူနိုက်တက်အသင်းကို အရေးယူသွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။ 

မန်ယူအသင်းအနေနဲ့ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်လို့  ဖေဖော်ဝါရီ ၂၁ ရက်မတိုင်ခင် ထုချေလွှာတင်ရမယ်လို့လည်း အက်ဖ်အေက အမိန့်ချခဲ့ပါတယ်။ 

8 mins Ago

October 29, 2020

မန်ယူအသင်းနှင့် စာချုပ်ဖျက်သိမ်းခွင့် ရရှိရန် ဂိုးသမားရိုမဲရိုး တောင်းဆို

မန်ယူအသင်းဂိုးသမား ရိုမဲရိုးဟာ အသင်းနဲ့ စာချုပ်ဖျက်သိမ်းခွင့်ရရှိဖို့ တောင်းဆိုထား တယ်လို့ သိရပါတယ်။  မန်ယူအသင်းဟာ မနှစ်က ရှက်ဖီးယူနိုက်တက်မှာ အငှားကစားခဲ့တဲ့ ဂိုးသမား ဒီးဟန်ဒါဆန်ကို ပြန်လည်ခေါ်ယူခဲ့တာကြောင့် ဂိုးသမားရိုမဲရိုးအနေနဲ့ ပွဲထွက်ခွင့်မရရှိသေးတာဖြစ်ပါတယ်။  ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာလည်း အသင်းပြောင်းဖို့ စီစဉ်ခဲ့ပေမယ့်  အဆင်မပြေဖြစ်ခဲ့တဲ့ ရိုမဲရိုးအနေနဲ့ တခြားအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေနိုင်ဖို့အတွက်  မန်ယူအသင်းနဲ့ စာချုပ်ဖျက်သိမ်းခွင့်ရဖို့ လိုအပ်နေတာပါ။  ၂၀၁၅ ခုနှစ်က ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဂိုးသမားရိုမဲရိုးဟာ အသင်းနဲ့ ၅ ရာသီကြာ ကာလအတွင်းမှာ အသင်းအတွက် ၆၁ ပွဲသာ ကစားခဲ့ရပါတယ်။  အာဂျင်တီးနား ဂိုးသမား ရိုမဲရိုးအနေနဲ့  အမေရိကန် မေဂျာလိဂ် ဒါမှမဟုတ် အာဂျင်တီးနား လိဂ်တွေမှာ ပြောင်းကေစားသွားဖို့ ရှိတယ်လို့ သိရပါတယ်။ 
1 year Ago
Up