close

မန်ယူ နည်းပြ

close

October 26, 2021

နည်းပြဆိုးလ်ရှား နေရာအစားထိုးရန် နာမည်ကြီးနည်းပြ ၄ ဦးကို မန်ယူအသင်း လျာထား

ရလဒ်တွေဆိုးဝါးနေတဲ့ မန်ယူနိုက်တက်အသင်းဟာ နည်းပြဆိုးလ်ရှားနေရာမှာ အစားထိုးဖို့ နာမည်ကြီးနည်းပြ ၄ ဦးကို  လျာထားပါတယ်။ 

အသင်းပိုင်ရှင်တွေဟာ အသင်းအမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဝါ့ဒ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဆိုးလ်ရှားကို ထုတ်ပယ်မလားဆိုတာ ညှိနှိုင်းမှုတွေလုပ်ဆောင်ခဲ့တယ်လို့သိပါတယ်။ 

ဒါကြောင့် နည်းပြဆိုးလ်ရှားရဲ့ အနာဂတ်ဟာ မတည်မငြိမ်ဖြစ်လာခဲ့ပြီး နည်းပြ ၄ ဦးအထိ လျာထားစာရင်းမှာပါဝင်နေတယ်လို့ The Sun သတင်းမှာဖော်ပြပါတယ်။

အဲဒီစာရင်းမှာ ချဲလ်ဆီးနဲ့ အင်တာမီလန်အသင်းတွေမှာ အောင်မြင်မှုရယူနိုင်ခဲ့တဲ့ အီတလီနည်းပြ ကွန်တီက ရေပန်းအစားဆုံးဖြစ်နေပြီး ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ 

ကွန်တီနဲ့ အဆင်မပြေခဲ့ဘူး ဆိုရင်တော့ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ၊ အေဂျက်ဇ်နည်းပြ အဲရစ်တန်ဟက်ချ်နဲ့ ရီးရဲလ်နည်းပြဟောင်း ဇီဒန်းတို့ကို ဆက်သွားညှိနှိုင်းသွားမယ်လို့သိရပါတယ်။

အဲဒီလျာထားစာရင်းမှာ ကွန်တီနဲ့ ဇီဒန်းတို့က အသင်းလက်မဲ့ဖြစ်နေတာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ပိုပြီးနီးစပ်နေပါတယ်။

4 weeks Ago
Up