မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီးအတွင်းက စစ်အာဏာရှင်တိုက်ထုတ်ရေး နွေဦးတော်လှန်ရေး တိုက်ပွဲတွေမှာ လိုအပ်ချက်တွေ ဖြည့်ပေးနိုင်ဖို့အတွက် “မမများနဲ့ပွဲကမယ်” တတိယပရောဂျက်စတင်လိုက်ပြီး ကျပ်သိန်းပေါင်း ၁၅၀၀၀ ရရှိနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ထုတ်ပြန်ပါတယ်။
“ဒီတော်လှန်ရေးကို နိုင်အောင်ကိုတိုက်မှာလို့ ဆုံးဖြတ်ထားပြီးဖြစ်လို့ ဒီပွဲနိုင်ဖို့ဆို အခရာဖြစ်တဲ့ ပြည်သူ၊ ပီဒီအက်ဖ်၊ ထောက်ပို့အားလုံး စုစည်းပြီးပြိုင်တူ အားကုန်ရုန်းကြရမှာဖြစ်ပါတယ်။ မမတို့က မြေပြင်၊ အစိုးရ နဲ့ ပူးပေါင်းပြီး အကောင်းဆုံးပလန်တွေချတယ်၊ ပြည်သူတိုင်းပါဝင်နိုင်စေဖို့ ပမာဏအနည်း၊ အများမရှိထည့်ဝင်နိုင်ပြီး မမတို့ကအလေလွင့်မရှိအောင် စနစ်တကျကောက်ခံပေးမယ်၊ ပြည်သူတွေက စိတ်ချယုံကြည် စွာနဲ့ မဖြစ်မနေပါဝင်ပေးကြဖို့၊ လှူဒါန်းပေးကြဖို့တစ်ခုလေးပါပဲ။ မမတို့နဲ့ လှူဒါန်းရာမှာလည်း ပြည်တွင်း၊ ပြည်ပ အန္တရာယ်မရှိအောင်စီမံပေးထားပြီးဖြစ်ကြောင်း လှူဖူးသူတိုင်းသိနေကြပြီဖြစ်လို့ အားလုံးလာရောက် ပါဝင်ပေးကြပါလို့ နှိူးဆော်တိုက်တွန်းပါရစေနော်။”
ဒီပရောဂျက်ကိုတော့ ဩဂုတ် ၂၇ ရက် ဒီကနေ့ကနေ လာမယ့် စက်တင်ဘာ ၂၇ ရက်အထိ ရက်ပေါင်း ၃၀ အတွင်း ကျပ်သိန်းပေါင်း ၁၅၀၀၀ ပမာဏကို ပြည်သူနဲ့အတူ ရှာဖွေသွားမှာ ဖြစ်ပြီးတော့ ဒီကမ်ပိန်းမှာလည်း စင်ကာပူ၊ မြန်မာ၊ မလေးရှား၊ အမေရိကန်၊ တောင်ကိုရီးယား၊ ယူအေအီး၊ ဂျာမနီ၊ ဩစတြေးလျ၊ ထိုင်း၊ ဂျပန်၊ နယူးဇီလန်၊ ပြင်သစ်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ယူကေ၊ ထိုင်ဝမ် စတဲ့ နိုင်ငံအသီးသီးက ရန်ပုံငွေရှာဖွေရေး အဖွဲ့တွေအသီးသီးနဲ့ ဆက်သွယ်လှူဒါန်းနိုင်ဖို့ နှိုးဆော်ထားခဲ့တာဖြစ်ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကိုတော့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကနေတဆင့် ပေးပို့ကူညီသွားမယ်လို့ ပြောထားပါတယ်။
လတ်တလောမှာတော့ မြန်မာ့နွေဦးတော်လှန်ရေးကာလဟာ ၁ နှစ်ခွဲကျော်လာခဲ့ပြီဖြစ်ကာ ဒီကာလအတွင်းမှာ နိုင်ငံအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းရဲဘော်တွေ၊ မတရားဖမ်းဆီး နှိပ်စက်ခံထားရတဲ့ ပြည်သူတွေနဲ့ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်တွေနဲ့ရွာတွေ အများကြီး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေး တိုက်ပွဲများစွာဟာ နိုင်ငံအနှံ့ဒေသအသီးသီးမှာ ဖြစ်ပွားနေပြီး ဒီဒေသတွေထဲက ချင်းပြည်နယ်နဲ့ မကွေးတိုင်းဒေသတွေဟာလည်း စစ်ကောင်စီရဲ့ အင်အားအလွန်အကျွံသုံးကာ ဖျက်ဆီးတိုက် ခိုက်မှုတွေကို ခံစားနေရပြီး နေ့စဉ်နဲ့အမျှ ဒီဖျက်ဆီးမှုတွေကြောင့် စစ်ဘေးရှောင် ပြည်သူတွေနဲ့ ထိခိုက်ပျက်စီးမှုတွေက များပြားလာနေတာပါ။
“အရေးကြီးဆုံးက ဒီ "မမများနဲ့ပွဲကမယ် " ချင်း၊ မကွေးပရောဂျက်ကရရှိလာတဲ့ အလှူငွေတွေကို NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကနေတဆင့် ပေးပို့ကူညီသွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ မမတို့သည် ရောက်ရာဒေသတိုင်းကို ပြည်သူ့ငွေနဲ့ ထိရောက်စွာပံ့ပိုးကူညီသွားမှာဖြစ်လို့ ချစ်ခြင်း၊ မုန်းခြင်းကင်းစွာ တော်လှန်ရေး၊ လွတ်မြောက်ရေး၊ တွန်းလှန်နိုင်ရေး၊ တန်ပြန်နိုင်ရေးကိုသာ တည့်တည့်မျက်နှာမူထာတယ် ဆိုတာ သစ္စာကျိမ်ဆိုပါတယ်။ တိုက်ပွဲဆိုတာ လက်နက်အင်အားဘယ်လိုပင်သာသာ ခိုင်မာတဲ့ခံယူချက်နဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိရင် အောင်ပွဲဆိုတာ မရနိုင်ပါဘူး။ ခိုင်မာတဲ့ခံယူချက်နဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုတွေရှိနေပေမယ့်လည်း လက်နက်အင်အားကွာနေရင်တော့ အချိန်ကြန့်ကြာမှုတွေနဲ့ ဆုံးရှုံးမှုတွေတော့ ရှိတတ်ပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေလည်း ပင်ပန်းနေကြတာ နားလည်ပေမဲ့ ရနိုင်သလောက် အင်နဲ့အားနဲ့ ပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။”
“မမများနဲ့ပွဲကမယ်” အနေနဲ့ သိပ်မကြာခင်ကလည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီဒေသတိုက်ပွဲကြားက လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် ၂၁ ရက်တာ ကမ်ပိန်းမှာ ကျပ်သိန်း ၅,၈၀၀ ကျော်ထိ ရှာဖွေ ပေးနိုင်ခဲ့သလို စစ်ကိုင်းတိုင်းဒေသကြီးအတွက် ရက် ၃၀ အတွင်း ကျပ်သိန်း ၁၅,၀၀၀ ပရောဂျက်မှာလည်း မျှော်မှန်းတဲ့ပမာဏထက်ကျော်လွန်ကာ ကျပ်သိန်း ၂၇,၀၀၀ ကျော်ထိ ရရှိထားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့ ပြင်းထန်နေပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက စစ်အာဏာရှင်တိုက်ထုတ်ရေး နွေဦးတော်လှန်ရေး တိုက်ပွဲတွေအတွက် လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် “မမများနဲ့ပွဲကမယ်” ကမ်ပိန်းကို စတင်နေပြီး လက်ရှိမှာတော့ ဇူလိုင် ၂၃ ရက်အထိ ကျပ်သိန်း ၁၂,၀၀၀ ရရှိထားခဲ့ပြီလို့ ထုတ်ပြန်ပါတယ်။
ဒီကမ်ပိန်းကတဆင့် ရက်ပေါင်း ၃၀ အတွင်း ကျပ်သိန်းပေါင်း ၁၅,၀၀၀ ထိ ရရှိနိုင်ဖို့ မျှော်မှန်းထားတာမို့ လတ်တလောမှာတော့ မျှော်မှန်းငွေရဲ့ ၈၀ ရာခိုင်နှုန်း ပြည့်မီခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောမှာတော့ မြန်မာ့နွေဦးတော်လှန်ရေးကာလဟာ ၁၇ လကြာ ရှိလာခဲ့ပြီဖြစ်ကာ ဒီကာလအတွင်းမှာ နိုင်ငံအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းရဲဘော်တွေ၊ မတရားဖမ်းဆီး နှိပ်စက်ခံထားရတဲ့ ပြည်သူတွေနဲ့ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်တွေနဲ့ ရွာတွေ အများကြီး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေး တိုက်ပွဲများစွာဟာ နိုင်ငံအနှံ့ဒေသအသီးသီးမှာ ဖြစ်ပွားနေပြီး ဒီဒေသတွေထဲက စစ်ကိုင်းတိုင်းဒေသဟာ စစ်ကောင်စီရဲ့ အင်အားအလွန်အကျွံသုံးကာ ဖျက်ဆီးတိုက်ခိုက်မှုတွေကို ခံစားနေရပြီး နေ့စဉ်နဲ့အမျှ ဒီဖျက်ဆီးမှုတွေကြောင့် စစ်ဘေးရှောင် ပြည်သူတွေနဲ့ ထိခိုက်ပျက်စီး မှုတွေက များပြားလာနေတာပါ။
ဒါကြောင့်မို့ ဒီဒေသအတွက် “မမများနဲ့ပွဲကမယ်” ကမ်ပိန်းကို ပြီးခဲ့တဲ့ ဇွန် ၂၆ မှာ စတင်လိုက်ပြီး လာမယ့် ဇူလိုင် ၂၅ ရက်အထိ ရက် ၃၀ ကာလအတွင်းမှာ Phase 1 အနေနဲ့ သိန်း ၁၅၀၀၀ ရရှိနိုင်ဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။
“မမများနဲ့ပွဲကမယ်” အနေနဲ့ သိပ်မကြာခင်ကလည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီဒေသတိုက်ပွဲကြားက လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် ၂၁ ရက်တာ ကမ်ပိန်းမှာ ကျပ်သိန်း ၅,၈၀၀ ကျော်ထိ ရှာဖွေ ပေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဇူလိုင် ၂၄ ရက် အခုည မြန်မာစံတော်ချိန် ၈ နာရီအချိန်မှာလည်း ပြည်သူ့ဘက်တော်သား အနုပညာရှင်တွေဖြစ်ကြတဲ့ မင်းမော်ကွန်း၊ မြနှင်းရည်လွင်စတဲ့ အနုပညာရှင်တွေပါဝင်တဲ့ ပြည်သူ့အောင်ပွဲ - တော်လှန်ရေး စကား ဝိုင်းကို ပြုလုပ်သွားမှာဖြစ်ကာ တော်လှန်ရေးပရောဂျက်မစ်ရှင်တိုင်းကို တာဝန်ကျေတဲ့ ပြည်သူအယောက်စီတိုင်းနဲ့ သူတို့ချစ်တဲ့ အနုပညာရှင်၊ Social influencer တွေနဲ့ ပြည်သူတွေကြား “ခွန်အားပေး၊ ခွန်အားယူရင်း” မေးချင်တဲ့ မေးခွန်းလေးတွေ၊ အပြန်အလှန် မေးမြန်းဆွေးနွေးနိုင်မှာဖြစ်ကာ ကျန်ရှိနေတဲ့ ရန်ပုံငွေ ၂၅ ရာခိုင်နှုန်းကိုလည်း အင်တိုက်အားတိုက် ဖြည့်ပေးနိုင်စေဖို့ တိုက်တွန်းထားပါတယ်။
လတ်တလော စစ်ကိုင်းပရောဂျက်အတွက် ဒီကမ်ပိန်းမှာလည်း စင်ကာပူ၊ မြန်မာ၊ မလေးရှား၊ အမေရိကန်၊ တောင်ကိုရီးယား၊ ယူအေအီး၊ ဂျာမနီ၊ ဩစတြေးလျ၊ ထိုင်း၊ ဂျပန်၊ နယူးဇီလန်၊ ပြင်သစ်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ယူကေ၊ ထိုင်ဝမ် စတဲ့ နိုင်ငံအသီးသီးက ရန်ပုံငွေရှာဖွေရေး အဖွဲ့တွေအသီးသီးနဲ့ ဆက်သွယ်လှူဒါန်းနိုင်ဖို့ နှိုးဆော်ထားခဲ့တာဖြစ်ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကိုတော့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက နေတဆင့် ပေးပို့ကူညီသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့ ပြင်းထန်နေပါတယ်။