တနေ့တည်းနဲ့ အားလုံးဖြေရှင်းနိုင်မယ်လို့ မျှော်လင့်မထားကြောင်း ချဲလ်ဆီးနည်းပြ လမ်းပတ်က ပြောသွားပါတယ်
ချဲလ်ဆီးနည်းပြအနေနဲ့ တကျော့ပြန်တာဝန်ယူခဲ့ပြီးနောက် ပထမဆုံးပွဲစဉ် ဖြစ်တဲ့ ဝုဗ်အသင်းနဲ့ပွဲမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်အပြီးမှာ နည်းပြလမ်းပတ်က ပြောခဲ့တာပါ။
အသင်းရဲ့ ရပ်တည်မှုဟာ လိုချင်တဲ့ အဆင့်ရပ်တည်မှုမဟုတ်တာကို အသင်းသားအားလုံး သိရှိကြောင်းနဲ့ တစ်ရက်တည်းနဲ့ အရာအားလုံးဖြေရှင်းနိုင်မယ်လို့ မျှော်လင့်မထားကြောင်း နည်းပြလမ်းပတ်က ပြောပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲကို လေ့လာကြည့်မယ်ဆိုရင် ကစားသမားတွေအနေနဲ့ စိတ်ဓာတ်ပြင်းပြဖို့ ပိုမိုလိုအပ်ပြီး ဘောလုံးပိုင်ဆိုင်မှုထက်စာရင် အမြန်နှုန်းနဲ့ တစ်ဦးချင်းမှာ အနိုင်ယူနိုင်မှုတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့လိုအပ်ကြောင်းလည်း နည်းပြလမ်းပတ်က ပြောပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲကလို အသင့်စောင့်ကြိုနေပြီး ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်အတွက် စိတ်လှုပ်ရှားမိကြောင်းလည်း လမ်းပတ်က ပြောပါတယ်။