close

မမှန်သတင်းဖြန့်ဝေမှု

close

June 26, 2022

ပခုက္ကူမြို့တွင် လူငယ်တဦးအား မမှန်သတင်းဖြန့်ဝေမှုဖြင့် စစ်ကောင်စီက စွပ်စွဲဖမ်းဆီး

မကွေးတိုင်း ပခုက္ကူမြို့က လူငယ်တယောက်ကို မမှန်သတင်း ဖြန့်ဝေတယ်စွပ်စွဲပြီး စစ်ကောင်စီက ဇွန် ၂၅ ရက်နေ့ မွန်းလွဲပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ ပခုက္ကူမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ပခုက္ကူမြို့ အမှတ် ၇ ရပ်ကွက် ပွင့်ဦးလမ်းက ကိုအာကာဟိန်းကို စစ်ကောင်စီတပ်က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

“စစ်(...)နဲ့ အပေါင်းပါ အင်အား ၁၅ ယောက်လောက်တော့ရှိမယ်ဗျ။ အဲဒီကလေးကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ မမှန်သတင်းဖြန့်လို့ဆိုပြီး အိမ်တိုင်ရာရောက် လာဖမ်းသွားကြတာ။ စစ်(...)တွေကတော့ မှန်မှန်မမှန်မှန် သူတို့နဲ့ ဆန့်ကျင်တဲ့ စာတွေ လူမှုကွန်ရက်မှာ "Share" တာနဲ့ အိမ်တိုင်ရာရောက် လိုက်လံဖမ်းဆီးတာတွေလုပ်နေကြပြီ” လို့ ဒေသခံက ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း အစစအရာရာ သတိထားကြဖို့ လိုအပ်နေပြီး စစ်ကောင်စီက အခုလို ဖမ်းဆီးနေတာဟာ လူ့အခွင့်ရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာလို့ ဆိုပါတယ်။

မကွေးတိုင်ဒေသကြီးအတွင်းမှာ အခုနှစ် ဇန်နဝါရီကနေ ဒီနေ့အထိ အပြစ်မဲ့ပြည်သူ ၄၀၀ ကျော်ကို စစ်ကောင်စီက မတရားဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

10 hours Ago
Up