close

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ

close

August 29, 2022

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာ ထောက်ပံ့

အိန္ဒိယနိုင်ငံ​၊ မီဇိုရမ်ပြည်နယ်၊ ဆိုက်ဟားခရိုင်အတွင်းရှိ စစ်ဘေးရှောင် မြန်မာပြည်သူတွေကို မရာ နယ်မြေအုပ်ရေးကောင်စီ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဌာနက ဆန်၊ ဆီ၊ ပဲ စတဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပါတယ်။

အဆိုပါ ထောက်ပံ့မှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ပေးပို့တဲ့ ထောက်ပံ့ငွေတွေနဲ့ အနယ်နယ် အရပ်ရပ်မှ မရာပြည်သူ စေတနာရှင်တွေရဲ့ အလှူငွေတွေနဲ့ ထောက်ပံ့ခဲ့တာပါ။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုက်ဟားခရိုင်အတွင်း ကျေးရွာ ၂၅ ရွာမှာ စစ်ဘေးရှောင်စခန်း ၆ ခုမှ မြန်မာစစ်ဘေးရှောင်ပြည်သူပေါင်း ၉၀၀၀ ကျော်ရှိတဲ့အနက် ပြည်သူ ၂၀၀၀ ကျော်ကိုသာ ထောက်ပံ့နိုင်ပါသေးတယ်။

အနယ်နယ်အရပ်ရပ်မှ စေတနာရှင်တွေအနေနဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို မိမိ တတ်နိုင်သ​လောက် ကူညီထောက်ပံ့ပေးကြဖို့နဲ့ ကူညီထောက်ပံ့လိုပါက မရာ နယ်မြေအုပ်ချုပ်ရေးကောင်စီ  ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဌာနကို ဆက်သွယ်နိုင်ပါတယ်။

27 mins Ago

April 21, 2022

မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီအစည်းအဝေးကျင်းပ

မရာပြည်သူ့ညီလာခံရဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ပထမပုံမှန် ကောင်စီအစည်းအဝေးကို ဧပြီ ၂၀ ရက်မှာ စတင်ကျင်းပခဲ့ပြီး အဲဒီအစည်းအဝေးကို မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီဝင်တွေနဲ့ ဒေသခံ ၇၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

အဲဒီအစည်းအဝေးမှာ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ စတင်တည်ထောင်ခြင်း ၃ လနီးပါးအတွင်း လုပ်ဆောင်ချက်တွေကို ကောင်စီအတွင်းရေးမှူးက အစီရင်ခံ တင်ပြတာတွေနဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီအောက်က ဌာနကြီး ၁၁ ခုထဲက လစ်လပ်နေရာ ၂ နေရာအတွက် အတွင်းရေးမှူးတွေကို ရွေးချယ်အတည်ပြုခဲ့ပါတယ်။

ဇန်နဝါရီ ၂၉ ရက်မှ ၃၀ ရက်အထိ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံနယ်စပ်မှာ ပြုလုပ်ခဲ့တဲ့ ပထမအကြိမ် မရာပြည်သူ့ညီလာခံကနေ ချင်းပြည်နယ်၊ ထန်တလန်၊ မတူပီ၊ ပလက်ဝ ဒေသတွေကို အခြေပြုပြီး မရာနယ်မြေအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကြောင်း အသိပေး ထုတ်ပြန်ခဲ့ပါတယ်။

4 months Ago
Up