close

မရှိမဖြစ်ဝန်ဆောင်မှု

close

June 29, 2022

သီရိလင်္ကာအစိုးရက မရှိမဖြစ် ဝန်ဆောင်မှုများအတွက်သာ လောင်စာဆီထောက်ပံ့

သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီ ဆိုးရွားစွာပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ အာဏာပိုင်တွေရဲ့ အပူတပြင်း ကြိုးပမ်းမှုအနေနဲ့ ဇွန် ၂၈ ရက်မှာ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေအတွက်ပဲ လောင်စာဆီ ထောက်ပံ့ပေးပြီး သိပ်မလိုအပ်တဲ့ ဝန်ဆောင်မှုတွေအတွက် မပေးတော့ဘဲ ရပ်တန့်လိုက်ပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ဇွန် ၂၈ ရက်ကစတင်ပြီး ဇူလိုင် ၁၀ ရက်အထိ အစားအသောက်တွေ ပို့ဆောင်ပေးတဲ့ ရထားတွေနဲ့ ဘတ်စ်ကားတွေ၊ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေနဲ့ ယာဉ်တွေကိုသာ လောင်စာဆီထုတ်ပေးမှာဖြစ်ကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗန္ဒုလဂူနီဝါဒီနာက ဇွန် ၂၆ ရက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

နိုင်ငံဟာ အဆိုးဆုံး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် စာသင်ကျောင်းတွေ အွန်လိုင်းပေါ်ရောက်လာပြီး စွမ်းအင်ချွေတာဖို့အတွက် အစိုးရဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ဖို့ ညွှန်ကြားထားပါတယ်။ ခရိုင်အချင်းချင်း လိုင်းကားဝန်ဆောင်မှုတွေကိုလည်း ကန့်သတ်ထားပါတယ်။

ရေနံထုတ်လုပ်တဲ့နိုင်ငံတွေက ကုမ္ပဏီတွေကို နိုင်ငံတွင်း စက်သုံးဆီ တင်သွင်းရောင်းချခွင့်ပြုပြီး စက်မှုလုပ်ငန်းအပေါ် ကုမ္ပဏီ ၂ ခုက အတူတကွပိုင်ဆိုင်တဲ့ duopoly စနစ်ကို အဆုံးသတ်မယ်လို့ နိုင်ငံရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးက ဇွန် ၂၈ ရက်မှာ ကြေညာခဲ့ပါတယ်။

အစိုးရဟာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့လည်း ကယ်ဆယ်ရေးကူညီငွေ ထောက်ပံ့ဖို့ ဆွေးနွေးနေပါတယ်။

သီရိလင်္ကာအစိုးရဟာ ထုတ်ပြန်ဖို့တွေ နှောင့်နှေးကြန့်ကြာနေတဲ့ ပထမသုံးလပတ် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) အချက်အလက်တွေကို  ဇွန် ၂၈ ရက် နှောင်းပိုင်းမှာ ထုတ်ပြန်မယ်လို့လည်း ပြောကြားထားပါတယ်။

2 mins Ago
Up