close

မလေးရှားရဲ

close

February 4, 2022

စစ်အာဏာသိမ်းတနှစ်ပြည့် ဆန္ဒပြ မြန်မာနိုင်ငံသား ၃၀ ကျော်ကို မလေးရှားရဲ တရားစွဲမည်

ကွာလာလမ်ပူ စစ်ကောင်စီ သံရုံးရှေ့မှာ ဖေဖော်ဝါရီ ၃ ရက်နေ့က ဆန္ဒပြခဲ့ကြတဲ့ ကလေး ၂ ဦးနဲ့ အမျိုးသမီး ၁၀ ဦးအပါအဝင် မြန်မာနိုင်ငံသား ၃၀ ကျော်ကို မလေးရဲက ဖမ်းဆီးထားပြီး တရားရုံးတင်စွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ NLD လွတ်မြောက်နယ်မြေ မလေးရှားဌာနခွဲ ပြောခွင့်ရသူ ကိုစိုးထက်သိန်းက ပြောပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မလေးရှားလွတ်မြောက်နယ်မြေ) နဲ့ တိုင်းရင်းသား အသင်းအဖွဲ့တွေ၊ မလေးရှားရောက်မြန်မာလုပ်သားတွေ စုပေါင်းပြီး မြန်မာနိုင်ငံ စစ်အာဏာသိမ်း တနှစ်ပြည့် ဆန္ဒပြပွဲကို ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့ကြတာပါ။

ဆန္ဒပြသူ ၃၀ ကျော်နဲ့ ဆန္ဒပြမယ့်အကြောင်း ရဲတပ်ဖွဲ့ကို ကြိုတင်ခွင့်ပြုချက်တောင်းပြီး ပြုလုပ်ခဲ့ပေမယ့် ဆန္ဒပြပွဲအပြီးမှာ မလေးရှားရဲတွေက ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

မြန်မာသံရုံးက တိုင်ကြားတာကြောင့် အခုလို ဖမ်းဆီးရတာဖြစ်ပြီး ယမန်တပတ်ပြည့်ပြီးပါက တရားစွဲသွားမယ်ဆိုပြီး ရဲကပြောကြောင်း ကိုစိုးထက်သိန်းက ဆိုပါတယ်။

အခုဖမ်းဆီးမှုနဲ့ပတ်သက်ပြီး မလေးရှားအခြေစိုက် UNGCR ရုံးကို အကြောင်းကြားထားပေမဲ့ ဘာမှအကြောင်းမပြန်ဘူးလို့လည်း ကိုစိုးထက်သိန်းက ပြောပါတယ်။

2 mins Ago

May 1, 2020

မလေးရှားမှ ထိုင်းဘက် တရားမဝင် လာရောက်သည့် မြန်မာအလုပ်သမား ၇ ဦးကို ရဲဖမ်းဆီး

မလေးရှားနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို တရားမဝင်ဖြတ်သန်းဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇ ယောက်ကို ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ သူတို့အားလုံးဟာ မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေသူတွေဖြစ်ကြပြီး မလေး-ထိုင်း ၂ နိုင်ငံနယ်စပ်၊ နရာသီဝပ်ခရိုင်၊ ဆန်းဂိုင်ခိုလွတ်ခ်ဒေသထဲမှာ ဖမ်းဆီးခံခဲ့ရတာလို့ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ထရိုင်ရာရစ်ထ်ထီမာဟိ ဝေါင်က ဧပြီလ ၂၉ ရက်နေ့က ပြောလိုက်ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာတော့ အသက် ၁၅ နှစ်နဲ့ ၁၆ နှစ်သာ ရှိကြသေးတဲ့ ဆယ် ကျော်သက် ၂ ယောက်အပါအဝင် အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၅ ယောက်ဖြစ်ပါတယ်။ ဖမ်းဆီးခံရချိန်မှာ သူတို့ဟာ ဒေသတွင်း ငှားရမ်းထားတဲ့ အိမ်တလုံးထဲမှာ ရှိနေခဲ့ ကြတာဖြစ်ပြီး ထိုင်းနဲ့ မြန်မာပွဲစားတွေဆီကတဆင့် မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့ သွားရောက်ခဲ့ကြတာလို့ ထွက်ဆိုကြပါတယ်။ မလေးရှားနိုင်ငံကို ရောက်ရှိခဲ့ချိန်မှာတော့ COVID-19 ကပ်ကာလ အားလုံးကို လော့ခ်ဒေါင်းလုပ်နေတဲ့ အချိန်ဖြစ်တာမို့ ထိုင်းနိုင်ငံဘက်ကို တရားမဝင်နယ်စပ်ဖြတ် ကျော်ကာ သူတို့ကို ပို့ခဲ့တဲ့ ပွဲစားတွေရဲ့ အကူအညီနဲ့ ပြန်ဝင်လာခဲ့တာလို့ ပြောပါတယ်။  အိမ်ထဲမှာတော့ စစ်ဆေးရေးအဖွဲ့ဝင်တွေက မြန်မာပတ်စ်ပို့စ် နိုင်ငံကူးလက်မှတ်  ၁၀၀ လောက်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြတာပါ။ လတ်တလောမှာတော့ သူတို့ကို ဆန်းဂိုင်ခိုလွတ်ခ်ရဲစခန်းဆီ လွှဲပြောင်းပို့ဆောင် ပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ စုံစမ်းစစ်ရေးရေးမှူး ဒုညွှန်ကြားရေးမှူးချုပ် ထရိုင်ရာရစ်ထ်ကတော့ နိုင်ငံ ဖြတ်ကျော်တရားမဝင် ဝင်ရောက်ခဲ့မှုအတွက် သူတို့ဟာ ကနဦးပြစ်ဒဏ်ကျခံရမှာဖြစ်ကာ ဒါဟာ လူကုန်ကူးမှုနဲ့ ထပ်ပြီးဆက်စပ်နေမယ်ဆိုရင်တော့ ထပ်တိုးပြစ်ဒဏ်တွေ ချမှတ်ခံ ရနိုင်တယ်လို့ ပြောပါတယ်။ ဓာတ်ပုံ- MALAY MAIL
2 years Ago
Up