close

မလေးရှားအချုပ်

close

April 21, 2022

မလေးရှားအချုပ်တွင် အဓိကရုဏ်းဖြစ်၊ ရိုဟင်ဂျာရာချီ ထွက်ပြေးရာမှ ကားတိုက်ခံရသဖြင့် ၆ ဦး သေဆုံး

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထိန်းသိမ်းရေးစခန်းမှာ ဧပြီ ၂၀ အစောပိုင်းက အဓိကရုဏ်း ဖြစ်အပြီး လူရာချီ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးနောက် အဝေးပြေးလမ်းပေါ် ကားတွေနဲ့ တိုက်မိလို့ ရိုဟင်ဂျာဒုက္ခသည် ၆ ယောက် သေဆုံးခဲ့ပါတယ်။

ကလေး ၂ ယောက် အပါအဝင် ဒုက္ခသည် ၆ ယောက်ဟာ မြန်မာနိုင်ငံက လာသူတွေလို့ အရာရှိတွေက ပြောပါတယ်။

မလေးရှားမြောက်ပိုင်း ပီနန်ပြည်နယ် ဆန်ဂိုင်းဘာကပ် ယာယီထိန်းသိမ်းရေးစခန်းကနေ ရိုဟင်ဂျာ စုစုပေါင်း ၅၈၂ ယောက် လွတ်မြောက်ခဲ့တာဖြစ်ပြီး ၃၆၂ ယောက်ကို ပြန်ဖမ်းမိခဲ့တယ်လို့ လူဝင်မှု ကြီးကြပ်ရေးဌာနက ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

ထွက်ပြေးပြီး ပြန်မမိသေးတဲ့ အကျဉ်းသားတွေကို အာဏာပိုင်တွေက လိုက်ရှာနေပြီး အဓိကရုဏ်း ဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲလို့ ရဲတွေက ပြောပါတယ်။

အဓိကရုဏ်း မဖြစ်ခင် ဒီစခန်းမှာ ကလေး ၁၃၇ ယောက် အပါအဝင် ရိုဟင်ဂျာဒုက္ခသည် ၆၆၄ ယောက်ကို ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

43 seconds Ago
Up