close

မလှိုင်မြို့နယ်

close

October 24, 2022

မြင်းမူ၊ ပခုက္ကူနှင့် မလှိုင် မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ကနေ စစ်ကိုင်းဘက်ကို မိုင်းရှာထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အောက်တိုဘာ ၂၄ ရက် ဒီနေ့မနက် ၁၀ နာရီကျော်က ပစ်ခတ်ခံရပြီး တယောက် သေဆုံးတယ်လို့ ဒေသခံ တော်လှန်ရေးခေါင်းဆောင်ထံကနေ သိရပါတယ်။

ထီးဆောင်းရွာနဲ့ ကံပြားရွာအကြား မိုင်းရှာထွက်လာတဲ့ စစ်ကောင်စီတပ်ကို  ပစ်ခတ်ခဲ့တာလို့ Zeroပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။

“မြေပြင်ကတစ်ဖွဲ့၊ ကားပေါ်ကနေ လုံခြုံရေးယူ ကင်းစောင့်နေတာတစ်ဖွဲ့ စုစုပေါင်း ၂ ဖွဲ့ကို ပစ်ခတ်ခဲ့တာဖြစ်။‌ သေတဲ့ စစ် (- ) စနိုက်ပါစာမိသွားလို့ ကားအောက်ကို ပြုတ်ကျသွားတယ်။ ကားအောက်ပြုတ်ကျတာ အရှင်းသားမြင်လိုက်ရတယ်။ ကျနော်တို့ အဖွဲ့တွေကတော့ ပစ်ပြီးပြေးခဲ့တာဆိုတော့ အထိခိုက်မရှိခဲ့ဘူး။”

အခုလိုတိုက်ခိုက်ဖို့ရာ ပြည်သူကာကွယ်ရေးအဖွဲ့တွေက ပြည်သူတွေကို မုံရွာ-မြင်းမူ -မန္တလေး လမ်းမကြီး၊ ထီးဆောင်း -အရာတော်လမ်းမကြီးကို မနက် ၈ နာရီကစလို့ အသွားအလာမပြုလုပ်ဖို့ အသိပေး လမ်းပိုင်းပိတ်ပြီး တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

အခုပစ်ခတ်တာကို Zero ပြောက်ကျားတပ်ဖွဲ့၊ GTRမြင်းမူ၊ Fourty Dranger အဖွဲ့တို့ ပူးပေါင်းပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့မှာတော့ မြို့ပတ်လမ်းနဲ့ မြို့ပတ်လမ်းဆုံနေရာမှာ အောက်တိုဘာ ၂၃ ရက် မနက် ၁၀ နာရီဝန်းကျင်က စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရပြီး နှစ်ယောက် သေဆုံး၊  နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ Yesagyo Revolution Group က သိရပါတယ်။ 

Yesagyo Revolution Group က တာဝန်ရှိသူတစ်ဦးက “စစ်ဆေးရေးလုပ်တာ  ရှစ် ယောက်တည်းပါ၊ သူတို့ မိုင်းကွင်းထဲ ရောက်တာနဲ့ မိုင်းဆွဲခဲ့တာပါ။ ဒဏ်ရာရတဲ့ နှစ်ယောက်ကတော့ ပခုက္ကူဆေးရုံကြီးကို တန်းပို့တယ်ဗျ၊ နှစ်​ယောက်ကတော့ ပွဲချင်းပြီး သေသွားတယ်”လို့ ပြောပါတယ်။ 

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက နယ်မြေ ရှင်းလင်းရေးလုပ်ပြီး နာရီဝက်ခန့်အကြာမှာ ရဲအင်အားတွေ ထပ်တိုးရောက်လာတယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ချိန်မှာ သစ်ဆွဲကား ဆယ့်နှစ်ဘီးကားကို မိုင်းစထိမှန်ခဲ့တာကြောင့် တော်လှန်ရေးအဖွဲ့တွေ ကိုယ်စား Yesagyo Revolution Group က တောင်းပန်စာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က ​ပခုက္ကူမြို့ အဝင်အထွက်တွေကို ပိတ်ချစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး စစ်ဆေးမှုတွေ ပိုမိုတင်းကျပ်လုပ်ဆောင်နေပါတယ်။

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာတော့ သရက်ကောင်းပင်ရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာ  ၂၁ ရက်ညနေ ၄ နာရီလောက်မှာ  Natogyi People Defence Force(NPDF)က ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာခံတဦးက “ညနေ ၄ နာရီလောက်ပဲ။ အသံကျယ်ကြီး ကြားလိုက်ရတယ်။ ရွာထဲမှာ ပြောနေတာကတော့ စစ်ကောင်စီတပ် ဗုံးချခံရတာ။ စစ်သားတွေ ဒဏ်ရာရကုန်တယ်”လို့ ပြောပါတယ်။

အခုလို ဒရုန်းသုံးဗုံးခွဲတိုက်ခိုက်မှုကို  Natogyi People Defence Force(NPDF) က ပြုလုပ်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က ၂ ယောက် နေရာတင် သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိပေမဲ့ အတိအကျ မသိရသေးဘူးလို့ (NPDF)က ထုတ်ပြန်ထားပါတယ်။

8 mins Ago

July 26, 2022

မလှိုင်မြို့နယ် ရုံးတောရွာအုပ်စု အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မလှိုင်မြို့နယ် ရုံးတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေကို မလှိုင်မြို့က အပြန် ဇူလိုင် ၂၆ ရက်မနက် ၈ နာရီခွဲလောက်က အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မလှိုင်မြို့ကအပြန် စိုက်ခြံနားလေးမှာ သေနတ်နဲ့ ပစ်သတ်ခံရတာ။ ခေါင်းနဲ့ရင်ဘတ်မှာ ၂ ချက် မှန်ထားတာ တွေ့ရတယ်။ နေရာတင် သေဆုံးသွားတယ်။”

ရုံးတောကျေးရွာအုပ်စုဟာ ကျောင်းစုရွာ၊ ပြည်ကန်ရွာ၊ မြက်သီးကျင်းရွာ၊ ရွာသစ်လေးရွာ၊ ရုံးတောရွာဆိုပြီး ကျေးရွာ ၅ ရွာ ပါတဲ့ အုပ်စုတခု ဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေကို ဘယ်အဖွဲ့အစည်း ဘယ်သူတွေက ဘာကြောင့် ပစ်သတ်သွားတယ်ဆိုတာ မသိရသေးပါဘူး။

3 months Ago
Up