close

မလှိုင်မြို့မရဲစခန်း

close

July 12, 2022

မလှိုင်မြို့ ရဲစခန်းတွင် နိုင်ငံရေးအမှုဖြင့်အချုပ်ကျနေသည့် အမျိုးသမီး ၁ ဦးကို ရဲတပ်သားက ခေါ်ယူထွက်ပြေး

မန္တလေးတိုင်း၊ မလှိုင်မြို့မရဲစခန်းမှာ နိုင်ငံရေးအမှုနဲ့ အချုပ်ကျခံနေရတဲ့ အမျိုးသမီးတယောက်ကို  တာဝန်ကျရဲတပ်သားတယောက်က  ဇူလိုင် ၁၀ ရက်မှာ ခေါ်ယူထွက်ပြေးသွားတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က)နဲ့ မတရားဖမ်းဆီးခံထားရတဲ့ မအိသန္တာကို မလှိုင်မြို့မ ရဲစခန်းက ရဲတပ်သား စိုးပိုင်က အပြင်ထုတ်လာတဲ့အချိန်မှာ ခေါ်ယူထွက်ပြေးသွားတာကြောင့် တာဝန်မှူး အပါအဝင် ကင်းအဖွဲ့ကို စုံခုံစစ်ဆေးဖို့ ဖမ်းဆီးထားတယ်လို့  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်အသိုင်းဝိုင်းက သိရပါတယ်။ 

လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တဦးက “ကြေးနန်းတက်လာတဲ့ အထဲမှာတော့ ရဲတပ်သား စိုးပိုင်က အကြမ်းဖက်ဥပဒေနဲ့ ဖမ်းထားတဲ့ ကောင်မလေးကို ခေါ်ပြီးထွက်ပြေးသွားတယ်လို့ပဲပါတာ သူတို့က ကြိုက်နေတာလား ခုမသိတာလား အရင်ထဲက သိခဲ့ကြတာလားဆိုတာ ဆက်စုံစမ်းနေတုန်”လို့ ပြောပါတယ်။ 

အချုပ်ကျနေတဲ့ အမျိုးသမီးကို ရဲတပ်ဖွဲ့ဝင်တဦးက အခုလို ခေါ်ဆောင်ထွက်ပြေးသွားတာကြောင့် တာဝန်မှူး၊ ကင်းမှူးနဲ့ ကင်းတာဝန်ကျအားလုံး ၇ ယောက်  ဖမ်းဆီးထားပြီး စုံခုံစစ်ဆေးဖို့အတွက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ 

ရဲစခန်းအချုပ်မှာ ဖမ်းဆီးထားတဲ့ အချုပ်သား ထွက်ပြေးလွတ်မြောက်ခဲ့ရင် တာဝန်မှူး အရာရှိက ရာထူး လျော့ပြီး ကင်းတာဝန်ကျတဲ့သူတွေအားလုံးက ထောင် ၃ နှစ်ချမှတ်ခံရလေ့ရှိတယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတယောက်က ပြောပါတယ်။ 

ခုဖြစ်စဉ်မှာလည်း စခန်းမှူးကစပြီး ရာထူးလျော့နိုင်သလို ကင်းတာဝန်ကျတဲ့သူတွေအားလုံးကတော့ ထောင်ကျနိုင်တယ်လို့ ဆိုပါတယ်။

12 hours Ago
Up