close

မလှိုင်မြို့

close

March 28, 2023

မလှိုင်မြို့တွင် ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မလှိုင်မြို့၊ အမှတ် ၃ ရပ်ကွက်က နယ်မြေ ၁၂ ရာအိမ်မှူး ကိုဇော်ဇော်လတ် (ခ) ကိုတူးဟာ မတ်လ ၂၇ ရက်၊ မနက် ၈ နာရီခွဲလောက်က နေအိမ်ကနေ လက်ဖက်ရည်ဆိုင်ကို ဆိုက်ကယ်နဲ့သွားစဉ် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

မလှိုင်မြို့ ရုပ်ရှင်ရုံဟောင်း၊ စျေးဆိုင်တန်းရှေ့လမ်းမအတိုင်း ရာအိမ်မှူး ကိုဇော်ဇော်လတ် (ခ) ကိုတူး ဆိုင်ကယ်စီးနင်းလာစဥ် မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်စီးလာတဲ့ လူနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးခဲ့တာလို့ သိရပါတယ်။

မလှိုင်မြို့ခံ ပြည်သူတဦးက “သူ့ကို ဒေသခံ PDF တွေက သတိပေးထားတာကြာပြီ။ ရပ်ကွက်ထဲမှာလည်း စစ်တပ်သတင်းပေးလုပ်နေတာ။ ပြီးတော့ သူက ရာအိမ်မှူးအဆင့်ကနေ အမှတ် ၃ ရပ်ကွက်ရဲ့ ရပ်ကွက်လူကြီး ဖြစ်ချင်နေတာ၊ ဧည့်စာရင်းတွေလည်း အမြဲလိုက်စစ်တာတွေ လုပ်နေတာ” လို့ ပြောပါတယ်။

ရာအိမ်မှူး ပစ်ခတ်ခံရတဲ့ အနီးပတ်ဝန်းကျင်ရှိ အသက် ၇၀ အရွယ် အဘိုးအိုတဦး အပါအဝင် ဒေသခံ ၁၄ ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြည်သူလူထုကို အန္တရာယ်ပေးနေတဲ့ နိုင်ငံတဝန်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် သူတို့ရဲ့ နောက်လိုက်တွေကို ဒေသခံ PDF တွေက မကြာခဏဆိုသလို သတိပေးထားပါတယ်။

10 mins Ago

October 11, 2021

မလှိုင်မြို့တွင် ရပ်ကျေးအုပ်ချုပ်မှူးတစ်ဦးနှင့် စစ်မှုထမ်းဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်ခံရ

မန္တလေးတိုင်း၊ မလှိုင်မြို့မှာ အောက်တိုဘာ ၁၁ ရက်မနက်က မြို့နယ်ထွေအုပ်ရုံးရှေ့မှာ ပန်းအိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ စစ်မှုထမ်းဟောင်း တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “သေနတ်သံအချက်တွေ အများကြီး ကြားရတယ်။ ကံဦးရွာမှာ နေတဲ့ ပန်းအိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး  ဦးကျော်ငြိမ်းကတော့ နေရာတင် သေဆုံးတယ်။ စစ်မှုထမ်းဟောင်း ဦးကံမြင့်ကတော့ လက်မောင်းထိသွားတယ်” လို့ ပြောပါတယ်။

အမည်မသိလူတစုက သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး မိတ္ထီလာခရိုင်ထဲက ၄ မြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ အပစ်ခံရတာ ပထမဆုံးဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။

အခင်းဖြစ်ပြီးတဲ့နောက် စစ်တပ်နဲ့ရဲတွေ ရောက်လာပြီး ပိုက်စိပ်တိုက် စစ်ဆေးရှာဖွေနေတယ်လို့ သိရပါတယ်။

1 year Ago
Up