close

မသဉ္ဇာဇော်

close

November 8, 2021

ဒဂုံတက္ကသိုလ် တတိယနှစ်ကျောင်းသူ မသဉ္ဇာဇော်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချ

ဒဂုံတက္ကသိုလ် ဓာတုဗေဒ တတိယနှစ်ကျောင်းသူ   မသဉ္ဇာဇော်ကို စစ်ကောင်စီက နိုဝင်ဘာ ၈ ရက် ဒီကနေ့မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄ - ခ(က)နဲ့   ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့  ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကနေ သိရပါတယ်။ 

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော်အပါအဝင် ဒဂုံတက္ကသိုလ် ကျောင်းသား‌ ကျောင်းသူ ၆ ယောက်ကို စက်တင်ဘာ ၁၄ ရက် ညပိုင်းက ရန်ကုန်၊ ကျောက်တံတားမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခဲ့တာပါ။ 

အဲဒီ ၆ ယောက်ထဲက ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူးဟောင်း ကိုစည်သူအောင်တင်(ဥပဒေ-တတိယနှစ်)ကိုလည်း  ရာဇသတ်ကြီးပုဒ်မ ၁၂၄ - ခ(ဃ) ၊ ပုဒ်မ ၅၀၅ - တို့နဲ့  နိုဝင်ဘာ ၃ရက်နေ့က စစ်တရားရုံးကနေ ထောင်ဒဏ် ၁၀နှစ်ချမှတ်ခဲ့ပါတယ်။ 

ကျန်တဲ့ ကျောင်းသား‌၊ ကျောင်းသူ ၄ ယောက်ကိုတော့  ဖမ်းဆီးထားပြီး ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

12 hours Ago
Up