close

မသန်စွမ်းလူငယ်များ

close

August 17, 2021

မုံရွာမြို့တွင် မသန်စွမ်းလူငယ်များဦးဆောင်ပြီး အခြေခံစားကုန်များလှူဒါန်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ၊ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ အိမ်ခြေ ၁၀၀ စာအတွက် မသန်စွမ်းလူငယ်တချို့က ဦးဆောင်ပြီး Deaf Donation အဖွဲ့က အခြေခံစားသောက် ကုန်တွေ လှူဒါန်းခဲ့ကြပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ အသွားအလာကန့်သတ်ထားတာ၊ အလုပ်အကိုင်ရှားပါးတာတွေကို နိုင်ငံတဝန်းခံစားနေကြချိန်မှာ တတ်နိုင်သလောက် လိုအပ်တဲ့အိမ် တစ်အိမ်ကို ဆန် ၁ ပြည်၊ ကြက်ဥ ၁၀ လုံး၊ မားမား ခေါက်ဆွဲ ၂ ထုပ်၊ Mask ၁၀ ခုစီ လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။ 

လှူဒါန်းမှုကို ဦးဆောင်တဲ့ အကြားအာရုံချို့ယွင်းသူ ကိုမင်းခန့်ကိုကိုယ်စား လူငယ်တဦးက “ဘယ်လိုလူမျိုးတွေကို လှူတာလဲဆိုတော့ ဒီအချိန်မှာ တချို့လူတွေက အလုပ်လုပ်ဖို့ အခက်အခဲရှိတယ်။ ဒီကိုဗစ်ကာလအခြေအနေမှာ ဘယ်သူမှ အလုပ်ကလည်း မရှိတော့ဘူးပေါ့နော်၊ တချို့ အလုပ်တွေကလည်း နားထားတယ်ပေါ့။ မုံရွာမှာတော့ အလုပ်မရှိတဲ့အိမ်နဲ့ အဆင်မပြေတဲ့သူတွေအတွက်ကို သွားလှူတာဖြစ်ပါတယ်။” လို့ ပြောပါတယ်။ 

Deaf Donation အဖွဲ့ဟာ ကိုဗစ်ကပ်ဘေးကာလ မတိုင်ခင်ကတည်းက လိုအပ်သူတွေအတွက် တတ်နိုင်သလောက် လှူနေကြတဲ့ အဖွဲ့ဖြစ်ပြီး ကိုဗစ်ဖြစ်ချိန်မှာတော့  ဆက်သွယ်ရ ခက်ခဲလာတာ၊ အလှူအတန်းမှာ အလိမ်အညာတွေပါ ပါမှာစိုးတဲ့အတွက်  Deaf Donation ပေ့ချ်တခုထောင်ပြီး အလှူအတန်းပြုလုပ်ကြတာဖြစ်ပါတယ်။

အခုလိုလှူဒါန်းတဲ့ အစီအစဉ်ကို ထပ်မံဆောင်ရွက်ဖို့ ရှိပြီး ပါ၀င်လှူဒါန်းလိုပါက ဆက်သွယ်နိုင်တယ်လို့လည်း Deaf Donation အဖွဲ့က ကပြောပါတယ်။

“ဆက်လုပ်ဖို့ရှိပါတယ်။ တချို့အလုပ်မရှိတော့ စားဝတ်နေရေးအခက်အခဲဖြစ်တဲ့သူတွေဆီကို သူတို့ သူငယ်ချင်းတွေပေါင်းပြီးတော့လှူကြတာ၊ ကြားထဲက ကိုယ်နဲ့ဆက်သွယ်ပြီး လှူချင်တဲ့သူရှိရင်တော့ လှူမှာပါ။ အခုလည်း သူငယ်ချင်းမိတ်ဆွေသူငယ်ချင်းတွေရဲ့ မိဘတွေက လှမ်းပေးတာရှိပါတယ်။ ကျနော်တို့နဲ့ ဆက်သွယ်ပြီးလည်း လှူချင်ရင် ရပါတယ်။” 

အကူညီတောင်းရန်နှင့် လှူဒါန်းလိုသူများ ဆက်သွယ်ရန်    

KBZ Pay -09978665800(Min Khant Ko)

Wave Pay-09978665800

12 hours Ago
Up