close

မသန်စွမ်း အားကစားပြိုင်ပွဲ

close

November 16, 2022

မြောက်ကိုရီးယားတွင် မသန်စွမ်းသူများနှင့် အပျော်တမ်း အားကစားပြိုင်ပွဲ ကျင်းပ

မြောက်ကိုရီးယားအစိုးရဟာ မသန်စွမ်းသူတွေနဲ့ အပျော်တမ်းအားကစားသမားတွေအတွက် အားကစားပြိုင်ပွဲကို နိုဝင်ဘာ ၁၅ ရက်က ဖွင့်လှစ်ပေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ထုတ်ပြန် ပါတယ်။

ပြုံယမ်းရှိ ကင်မ်အီလ်ဆွန်းတက္ကသိုလ် အားကစားရုံမှာ မသန်စွမ်းပြိုင်ပွဲဝင်တွေနဲ့ အပျော်တမ်း အားကစားသမားတွေ စားပွဲတင်တင်းနစ် ကစားနေကြတာကို မြောက်ကိုရီးယား သတင်းအေဂျင်စီ KCNA ရဲ့ ရုပ်သံသတင်းမှာ မြင်တွေ့ရပါတယ်။

ကိုရီးယား မသန်စွမ်းသူများ အားကစားအဖွဲ့က လေ့ကျင့်ရေးဝန်ထမ်း ဆွန်ဆိုလ်ဟွာက “မသန်စွမ်းသူတွေရဲ့ ဘဝပျော်ရွှင်မှုကို ပေးစွမ်းနိုင်ပြီး ဒီအားကစားပြိုင်ပွဲမှာ အပျော်တမ်း အားကစားသမားတွေရဲ့ စွမ်းရည်တွေကို အပြည့်အဝ ပြသနိုင်မယ်လို့ မျှော်လင့်တယ်”လို့  ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက်အထိကျင်းပမယ့် ဒီအားကစားပြိုင်ပွဲက မသန်စွမ်းအားကစားကို လူမှုရေးစိတ်ဝင်စားမှု မြှင့်တင်ဖို့နဲ့ အားကစားလှုပ်ရှားမှု အခြေအနေတွေကို သေချာစေဖို့အတွက် စီစဉ်တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ သေနတ်ပစ်နဲ့ လေးပစ်ဂိမ်း အပါအဝင် အားကစားနည်းမျိုးစုံ ခွဲခြားထားပြီး မသန်စွမ်းသူနဲ့ အပျော်တမ်းကစားသူ ၄၀၀ ကျော် ပါဝင်ကြောင်း KCNA က ပြောပါတယ်။

10 mins Ago
Up