close

မဟာဗန္ဓုလတပ်ရင်း

close

April 1, 2022

ဘုတလင်မြို့နယ် မဟာဗန္ဓုလတပ်ရင်း ၁ သင်တန်းဆင်းပွဲ (ဓာတ်ပုံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မဟာဗန္ဓုလတပ်ရင်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲကို ဧပြီ ၁ ရက် ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

ဘုတလင်မြို့နယ်အနေနဲ့ မဟာဗန္ဓုလတပ်ရင်းကို ဒေသခံပြည်သူတွေနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်း လိုအပ်ချက်များစွာ ရှိသေးတယ်လို့ ဆိုပါတယ်။

မဟာဗန္ဓုလတပ်ရင်း ပြန်ကြားရေးတာဝန်ခံက  " ကျနော်တို့အနေနဲ့ ‌စစ်အာဏာရှင်စနစ်တိုက်ဖျက်ဖို့ရာ ဒေသခံပြည်သူလူထုနဲ့ ဖွဲ့စည်းထားတာပါ။ NUG ရဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်သွားမှာဖြစ်သလို အခုလက်ရှိ အဖွဲ့စည်း ဖွဲ့စည်းပြီးကြောင်းလည်း တရားဝင်ဖြစ်အောင် NUG အစိုးရကို တင်ပြသွားဖို့ရှိပါတယ်။ လက်နက် လိုအပ်ချက်အနေနဲ့ကတော့ ရှိနေပါ‌တယ်။ ပြည်သူရဲ့ ပံ့ပိုးမှုနဲ့ ရပ်တည်နေရတာပါ" လို့ ပြောပါတယ်။

အခု တပ်ရင်း ၁ ၊ အပတ်စဉ် ၁ သင်တန်းဆင်းပွဲကို သင်တန်းသား ၂၀၀ ကျော်နဲ့ ပြုလုပ်ခဲ့ပြီး မဟာမိတ်တပ်ရင်းတွေနဲ့အတူ စစ်အာဏာရှင်စနစ်တိုက်ဖျက်သွားမယ်လို့ ပြောပါတယ်။

မဟာဗန္ဓုလတပ်ရင်းဟာ ဘုတလင်မြို့နယ်မှာ အသစ်ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သလို စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်း ပြောက်ကျားနည်းနဲ့ တော်လှန်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

12 hours Ago
Up