close

မဟာမိတ်တပ်

close

February 25, 2023

စစ်ကောင်စီတပ်နှင့် BGF ပူးတွဲတပ်စခန်း ၁ ခုကို မဟာမိတ်တပ်များတိုက်ခိုက်သိမ်းပိုက်

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကော်သူးလေ ဖာပွန် (မူတြော်) ခရိုင်၊  တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့် (BGF) ပူးတွဲနေထိုင်တဲ့ တပ်စခန်းတစ်ခုကို ဖေဖော်ဝါရီ ၂၅ ရက် ဒီနေ့မနက် ၆ နာရီက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးရုံးက သတင်းထုတ်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်(BPLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် Force for Federal Democracy(FFD)တို့ပါဝင်တဲ့ မဟာမိတ်ပူးပေါင်တပ်ဖွဲ့ဝင်တွေက သွားရောက်တိုက်ခိုက်ခဲ့ရာမှာ မိနစ်အနည်းငယ်ကြာပစ်ခတ်ရုံနဲ့  စစ်ကောင်စီတပ်တွေ ကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးကြပြီး နာရီဝက်ခန့်အကြာတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁ ယောက် သေဆုံးပြီး လက်နက် ၂ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ကာ မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုအခြေအနေကို သီးခြားအတည်ပြုနိုင် ခြင်းမရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ရှိ ရဲစခန်းကိုလည်း  ဒီနေ့မနက် အစောပိုင်းက ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။ 

3 mins Ago

May 27, 2020

ပြင်သစ်ကမ်းခြေမှ မဟာမိတ်တပ်များကို ကယ်ဆယ်ခဲ့သည့် နှစ် ၈၀ ပြည့်ပွဲ ဗြိတိန်တွင် ကျင်းပမည်   

ပြင်သစ်နိုင်ငံ ဒန်းခါ့ခ်ကမ်းခြေတွေကနေ  မဟာမိတ်တပ်တွေကို  ကယ်ဆယ်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ပြည့်အထိမ်းအမှတ် ဒီသီတင်းပတ်အတွင်း ဗြိတိန်မှာ အောက်မေ့ဖွယ် အခမ်းအနား ကျင်းပသွားဖို့ရှိပါတယ်။ ၁၉၄၀ ပြည့်နှစ်  မေလ ၂၆  ရက်နဲ့  ဇွန်လ ၄  ရက်အတွင်းမှာ ဗြိတိန် တော်ဝင်ရေတပ်ဟာ အရေအတွက် ထောင်ချီတဲ့ အရပ်သား သင်္ဘောတွေနဲ့အတူ  မဟာမိတ်တပ်တွေကို ကယ်ဆယ်ဖို့ ထွက်ခွာခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ဒန်းခါ့ခ် ကမ်းခြေတွေမှာ ဂျာမန်တပ်တွေ ဝိုင်းလာချိန် ပိတ်မိနေတဲ့ ဗြိတိန်နဲ့ ပြင်သစ် တပ်ဖွဲ့ဝင် ၅ သိန်းနီးပါးကို တော်ဝင်ရေတပ်က သွားရောက် ကယ်ဆယ်ဖို့  ရဲဝင့်စွန့်စား  ကြိုးပမ်းခဲ့တာပါ။ ဗြိတိန် တော်ဝင်လေတပ်က ရန်သူဂျာမန်တပ်တွေကို လေကြောင်းကနေ ဗုံးကြဲနေချိန်မှာ  ဝန်ကြီးချုပ် ဝင်စတန်ချာချီက ပုံစံအရွယ်အစားမျိုးစုံပါဝင်တဲ့ အရပ်ဘက်သင်္ဘောတွေကို ခေါ်ယူပြီး ပြင်သစ်နိုင်ငံကို စေလွှတ်ခဲ့ပါတယ်။ ကြုံသလို ဆောက်ထားတဲ့သင်္ဘောတွေနဲ့ ကသောင်းကနင်းနိုင်တဲ့ စစ်ဆင်ရေးကြောင့်ပဲ စုစုပေါင်း မဟာမိတ် စစ်သည် ၃၃၈,၀၀၀ ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဒီလိုကယ်ဆယ်ရာမှာ  ကမ်းခြေတွေပေါ် ကျန်ရစ်ခဲ့တဲ့ ထောင်နဲ့ချီတဲ့ စစ်သားတွေ လွတ်မြောက်ဖို့ ကြိုးပမ်းရင်း အသက်သေဆုံးခဲ့ရ သူတွေအတွက် ဒီသီတင်းပတ်အတွင်း ဗြိတိန်မှာ အောက်မေ့ဖွယ် အခမ်းအနား ကျင်းပသွားမှာပါ။ ဒါပေမဲ့လည်း ဒီအထိမ်းအမှတ် အခမ်းအနားဟာ ဗြိတိန်နဲ့ ပြင်သစ် နှစ်နိုင်ငံစလုံးမှာ လူပေါင်းထောင်ချီ သေဆုံးခဲ့ရတဲ့  ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် နှုတ်ဆိတ် ဆွံအနေမယ်လို့ မျှော်လင့်ရကြောင်း  ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
3 years Ago
Up