close

မဟာမိတ်ဖြွ့

close

November 18, 2022

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုနှင့် ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု မဟာမိတ်ဖွဲ့

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) နဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) တို့ ပူးပေါင်းပြီး မဟာမိတ်ဖွဲ့စည်းကြောင်း နိုဝင်ဘာ ၁၈ ရက် နေ့လယ်က ထုတ်ပြန်ပါတယ်။

နှစ်ဖက်အဖွဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးကြပြီး ဘုံရည်မှန်းချက်တွေနဲ့ လုပ်ငန်းစဥ်တွေ ဖော်ဆောင်နိုင်ရေး၊ စစ်ရေး၊ အပြန်အလှန် ဆက်ဆံရေးနဲ့ တခြားကဏ္ဍတွေမှာ မဟာမိတ်အင်အားစုအချင်းချင်း ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးနဲ့ ကျစ်လျစ်ခိုင်မာစွာ တည်‌ဆောက်နိုင်ရေးတို့အတွက် ပူးပေါင်းမဟာမိတ်အင်အားစုအဖွဲ့အဖြစ် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) ကို အောက်တိုဘာ ၂၄ ရက်က ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး Joe Phyu Guerilla Force, UTF-Aungban, Ye-Ngan Urban Guerillas စတဲ့ ရှမ်းတောင်အခြေပြု တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့ ပါဝင်ပါတယ်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ကို ဧပြီ ၆ ရက်က Karenni Generation Z(KGZ), Karenni Democratic Front (KDF), Fight for Justice (JPDF) စတဲ့ ကရင်နီတော်လှန်ရေးအဖွဲ့တွေနဲ့ ဖွဲ့စည်းခဲ့ပြီး ကရင်နီဒေသတွင်း အထိုက်အလျောက် အားကောင်းတဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။

9 hours Ago
Up