close

မဟာမိတ်မဟုတ်သည့်နိုင်ငံ

close

January 1, 2023

ရုရှားက မဟာမိတ်မဟုတ်သည့်နိုင်ငံများကို သဘာဝဓာတ်ငွေ့အကြွေး နိုင်ငံခြားငွေဖြင့် ပြန်ဆပ်ခွင့်ပြု

မဟာမိတ် မဟုတ်တဲ့နိုင်ငံတွေက ပေးချေဖို့ရှိနေတဲ့ သဘာဝဓာတ်ငွေ့ဆိုင်ရာ ကြွေးမြီတွေအပေါ် နိုင်ငံခြားငွေနဲ့ပြန်လည်ပေးသွင်းခွင့်ပြုမယ့် အမိန့် တရပ်ကို ရုရှားသမ္မတဗလာဒီမာပူတင်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်က လက်မှတ် ရေးထိုးခဲ့ပါတယ်။ 

ဒီနှစ်ဧပြီ ၁ ရက်ကစလို့ မဟာမိတ်မဟုတ်တဲ့ နိုင်ငံတွေနဲ့ ဒေသတွေအပါအဝင် နိုင်ငံခြားက ဝယ်ယူသူတွေဟာ ရုရှားသဘာဝဓာတ်ငွေ့ကို ရုရှားငွေ ရူဘယ်နဲ့ပေးချေရမယ်ဆိုတဲ့ သဘာဝဓာတ်ငွေ့ ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းအသစ် အမိန့်တစ်ရပ်ကို ပြီးခဲ့တဲ့မတ် ၁ ရက်တုန်းက ပူတင်က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး အခု ဒီအမိန့်ကို အပြောင်းအလဲပြုလုပ်လိုက်တာပါ။

ဒီစည်းမျဉ်းအရ ရုရှားဘဏ်အကောင့်ဖွင့်ထားဖို့ လိုအပ်သလို လက်ရှိချုပ်ဆိုထားတဲ့ စာချုပ်တွေကို ရပ်ဆိုင်းပစ်နိုင်တဲ့ အန္တရာယ်လည်းရှိနေပါတယ်။

မဟာမိတ် မဟုတ်တဲ့ နိုင်ငံတွေဆီက ကုမ္ပဏီတွေဟာ ဒီနှစ် ဧပြီ ၁ ရက်ကစပြီး ရုရှားသဘာဝဓာတ်ငွေ့ ဝယ်ယူတဲ့အခါ ရူဘယ်ငွေနဲ့ ပေးချေဖို့ ငြင်းပယ်ခဲ့ရင် လက်ရှိ ချုပ်ဆိုထားတဲ့ စာချုပ်ပါ တာဝန်ဝတ္တရားတွေကို လိုက်နာဖို့ ပျက်ကွက်တယ်လို့ ယူဆမှာဖြစ်တဲ့အတွက် ဒီစာချုပ်တွေဟာ ရပ်ဆိုင်းခံရနိုင်တယ်ဆိုပြီး ပူတင်က အလေးပေးပြောကြားခဲ့ဖူးပါတယ်။ 

8 mins Ago
Up