close

မဟာမြိုင်တော

close

October 15, 2021

ရေဦးမြို့နယ် မဟာမြိုင်တောက သစ်ခိုးထုတ်သူများကို PDF က ဖမ်းဆီး

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ရဲ့ အနောက်ဘက်မှာရှိတဲ့ မဟာမြိုင်သစ်တောအတွင်းက သစ်ခိုးထုတ်သူတွေကို အောက်တိုဘာ ၁၄ ရက်က သစ်ကားနှစ်စီးနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဦး)က ပြောပါတယ်။

“၄ စီးလို့ သတင်းရတာ သတင်းရရချင်းမသွားနိုင်တော့ ၂ စီးပဲမိတယ်။ ထွန်စက်မောင်းတဲ့သူ ၄ ယောက်နဲ့ သူတို့သူဌေးလို့ ခေါ်တဲ့သူနဲ့ အားလုံး ၅ ယောက်ကို ကတိခံဝန်လက်မှတ်ထိုးခိုင်းပြီး ပစ္စည်းတွေကိုတော့သိမ်းထားလိုက်တယ်။”

ခေတ်ပျက်ကို အခွင့်ကောင်းယူပြီး သစ်ခိုးနေကြသူတွေကို နောက်တခါမိခဲ့ရင် အသက်အာမခံမှာ မဟုတ်‌ဘူးလို့ ရေဦး PDF က နောက်ဆုံးသတိပေးကာ လူ ၅ ယောက်ကို ပြန်လွှတ်လိုက်ပြီး  ထွန်စက်နှစ်စီး နောက်တွဲနှစ်ခု သစ် ၁၁ တန်လောက်ကို သိမ်းဆည်းရမိတာလို့သိရပါတယ်။

အရေးတော်ပုံကြီးပြီးစီးလို့ နိုင်ငံတော်ပြန်လည်တည်ဆောက်ရေးမှာ အသုံးချနိုင်ဖို့အတွက် သယံဇာတတွေ အလေအလွင့်မရှိရအောင် တနိုင်ငံလုံးမှာရှိတဲ့ PDF တွေ အားလုံးဟာလည်း နီးစပ်ရာသယံဇာတတွေကိုထိန်သိမ်းကြပါလို့ ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့က တောင်းဆို လိုက်ပါတယ်။

မဟာမြိုင်တောဟာ ရေဦး၊ တန့်ဆည်၊ မင်ကင်း၊ ကနီ၊ ကလေးဝ၊ ကလေးမြို့နယ်တို့နဲ့ထိစပ်နေပြီး ပျဉ်ကတိုး၊ သစ်ယာ၊ ပိတောက်၊ အင်ကြင်း၊အင် စတဲ့သစ်တွေ ရှိကာ  ၁၉၈၅-၉၀ ခုနှစ်ခန့်က ဆိုရင် မြေအောက် နေပြောက်မထိုးတဲ့  သစ်တောကြီးဖြစ်တယ်လို့ သိရပါတယ်။

12 mins Ago
Up