close

မဟာသမယနေ့

close

June 13, 2022

နယုန်လပြည့် မဟာသမယနေ့ ရွှေတိဂုံတွင် ဘုရားဖူးလာရောက်သူ နည်းပါး

ဇွန်လ ၁၃ ရက် ဒီကနေ့ကျရောက်တဲ့ နယုန်လပြည့် မဟာသမယနေ့မှာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီမှာ ဝင်ပေါက် မုခ် လေးခုစလုံးမှာ ဘုရားလုံခြုံရေး အစောင့်တွေအပြင် ရဲတွေကိုလည်း ချထားပြီး လာရောက် ဘုရားဖူးသူနည်းပါးခဲ့ပါတယ်။

မနေ့က ရွှေတိဂုံဘုရား တောင်ဘက်မုခ်မှာ “တိုင်းပြည်သေဒဏ်သင့်နေသဖြင့် ယနေ့ဘုရားပိတ်သည်” စာတန်းကို ချိတ်ဆွဲပြီး ရန်ကုန်လူထုသပိတ်က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် နယုန်လပြည့်နေ့မှာ ဘုရားစေတီတွေ သွားရောက်ဖူးမြော်တာ မလုပ်ဘဲ သပိတ်မှောက်ဖို့ တိုက်တွန်းထားပါတယ်။

ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ကတော့ ဒီနေ့မှာ မဟာသမယနေ့အခမ်းအနားကို အစဉ်အလာမပျက် ကျင်းပခဲ့ပါတယ်။

1 min Ago
Up