မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ် ၄၁ လမ်းပေါ်ရှိ မဟာ - လူမှုကယ်ဆယ်ရေးအသင်းရုံးရှိ ရုံးအဆောက်ဦတွေနဲ့ အသင်းပိုင် ပစ္စည်းတွေအားလုံး ဖေဖော်ဝါရီ ၁၀ ရက်နေ့က ချိပ်ပိတ်ခံလိုက်ရပါတယ်။
မဟာ - လူမှုကယ်ဆယ်ရေးအသင်းရုံးအနေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နဲ့ ပတ်သက်ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်သားတွေက လာရောက်ချိတ်ပိတ်ခဲ့တာလို့ မဟာ - လူမှုကယ်ဆယ်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။
ဒီလို ချိတ်ပိတ်ခံရတဲ့အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဝမ်းနည်းစွာနဲ့ ရပ်နားလိုက်ရပြီလို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၈ ရက် ညပိုင်း နဲ့ ၉ ရက် မနက်ပိုင်းက မဟာ- လူမှုကယ်ဆယ်ရေးရုံးကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းခဲ့ပြီး ဒုဥက္ကဋ္ဌ၊ တွဲဖက်အတွင်းရေးမှူး တို့အပါအဝင် အဖွဲ့ဝင် ၈ ဦးတို့ကို ဖမ်းဆီးသွားပါတယ်။