close

မအပူပင် ရဲစခန်း

close

February 12, 2022

မအူပင် ရဲစခန်းတွင် အချုပ်သားများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ရှိ မြို့မရဲစခန်းအချုပ်မှာ အချုပ်သားအားလုံးနီးပါး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ သိရပါတယ်။ 

မအူပင်မြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေထဲက အချုပ်သား အယောက် ၄၀ ကို ဖေဖော်ဝါရီ ၁၁ ရက်က ရောဂါပိုးစစ်ဆေးချိန်မှာ ကိုဗစ်ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ခဲ့တာလို့   ခရိုင်ရဲတပ်ဖွဲ့ရုံးက ရဲဝန်ထမ်းတဦးက ပြောပါတယ်။ 

“မနေ့က စစ်တာ တော်တော်များတယ် ၄၀ လောက်တွေ့တယ်။ ကျန်တဲ့သူတွေလည်း ထပ်စစ်ထားတယ်။ အဖြေမသိရသေးဘူး။ တွေ့ဖို့များတယ် ဘာလုပ်မယ်ဆိုတော့ အစည်းဝေးလုပ်ဖို့ ရှိတယ်။ တိုင်းကိုလည်း တင်ပြထားတယ်”လို့ ပြောပါတယ်၊။ 

မအူပင်မြို့မရဲစခန်းမှာ အချုပ်သား ၆၀ ကျော်ရှိပြီး ရောဂါကူးစက်ခံထားရတဲ့သူ ၄၀ ကျော်ရှိသလို ကျန်တဲ့ သူတွေကိုလည်း ဆေးစစ်ထားပြီး အဖြေအတည်ကျမသိရသေးဘူးလို့ ဆိုပါတယ်။ 

ဧရာဝတီတိုင်းက ရဲစခန်းတွေမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အပြစ်မဲ့အရပ်သားတွေကို ဖမ်းဆီးတာ များလာတာကြောင့် ရဲစခန်းအချုပ်မှာ သတ်မှတ်ထားတဲ့လူဦးရေထက် ပိုများနေလို့ ရောဂါအစုလိုက်အပြုံလိုက် ကူးစက်တာပိုဖြစ်နိုင်တယ်လို့ ရဲဝန်ထမ်းဟောင်းတဦးက သုံးသပ်ပြောပါတယ်။

4 mins Ago
Up