close

မအူပင်တက္ကသိုလ်

close

May 7, 2021

ပြည်သူဘက်က ရပ်တည်ခဲ့သည့် မအူပင်တက္ကသိုလ် ဆရာဆရာမ ၁၄၀ နီးပါး တာဝန်မှ ရပ်ဆိုင်း ခံရ

ဧရာဝတီတိုင်း မအူပင်တက္ကသိုလ်က ပါမောက္ခတွေအပါအဝင်  အရာထမ်းဆရာဆရာမတွေ အမှုထမ်းတွေ စုစုပေါင်း ပညာရေးဝန်ထမ်း  ၁၃၉ ဦးကို အာဏာသိမ်း စစ်ကောင်စီက တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ပါတယ်။

မအူပင်တက္ကသိုလ်က CDM ပြုလုပ်နေကြတဲ့ ပါမောက္ခတွေ အပါအဝင် အရာထမ်း ဆရာ၊ဆရာမ ၁၂၉ ဦးနဲ့ နည်းပြနဲ့ သရုပ်ပြအမှုထမ်း ဆရာ၊ ဆရာမ ၈ဦးတို့ကို တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်တယ်လို့  စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ ဩဇာခံ မအူပင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနီနီဦးက မေလ ၆ရက်နေ့ ရက်စွဲနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာပါ။

အဆိုပါ ဆရာဆရာမတွေဟာ ခွင့်စည်းကမ်းကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊ တာဝန်ချိန်ပျက်ကွက်ခြင်းတွေကြောင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေတွေအရ တာဝန်ကနေ ယာယီရပ်ဆိုင်းတယ်လို့ အကြောင်းပြချက်နဲ့ ထုတ်ပြန်ခဲ့တာပါ။

3 weeks Ago
Up