close

မအူပင်မြို့ခံအချို့

close

January 10, 2022

ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ ဖုန်းထဲတွေ့သဖြင့် မအူပင်မြို့ခံအချို့ကို စစ်တပ်က ဖမ်းဆီး

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ  ဇန်နဝါရီလဆန်းပိုင်းက စတင်ကာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာတွေရဲ့ ဖုန်းတွေကိုယူစစ်ဆေးပြီး တပတ်အတွင်း ပြည်သူ  ၁၄ ယောက်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မြို့ပေါ်လူစည်ကားတဲ့နေရာတွေမှာ စစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းလာတွေရဲ့ ဖုန်းတွေကို ယူစစ်ဆေးနေတာဖြစ်ပြီး  အသက် ၁၄ နှစ်အရွယ် အမျိုးသမီးအပါဝင် ၁၄ ဦးကို ဖုန်းထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ လက်သုံးချောင်းထောင်တဲ့ပုံတွေ တွေ့တာကြောင့် ဖမ်းဆီးသွားတာလို့ ဒေသခံတွေ ကပြောပါတယ်။  

“အဓိက ဖုန်းတွေကို စစ်တာ ဖုန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပုံတို့ လက်သုံးချောင်းထောင်တာတို့ အဲ့လို ပုံတွေတွေ့ရင်ဖမ်းတာ ဖုန်းထဲက မက်ဆေ့ချ်တွေကိုလည်း စစ်တာရှိတယ်။ ဒါပေမဲ့ ဓာတ်ပုံတွေ့လို့ အဖမ်းခံရတာများတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ခုလိုရှာဖွေဖမ်းဆီးမှုကို စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီး နိုင်လွင်ဦးက ဦးဆောင်ပြုလုပ်နေတာဖြစ်ပြီး ဖမ်းမိတဲ့သူတွေကို ငွေမပေးရင် တရားစွဲဆိုမယ်ဆိုပြီး ခြိမ်းခြောက်ငွေညှစ်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ 

ဖုန်းတွေစစ်ဆေးချိန်မှာ ဖမ်းဆီးခံရတဲ့သူတွေကို ငွေ ကျပ် ၅ သိန်းနဲ့ ကျပ် သိန်း ၅၀ ကြားတောင်းယူလေ့ရှိပြီး မပေးနိုင်တဲ့ သူတွေကိုတော့ ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်တရားစွဲဆိုဖို့ ပြုလုပ်နေတယ်လို့ သိရပါတယ်။

1 min Ago
Up