close

မအူမုခ်ပေါက်

close

November 9, 2021

မုံရွာမြို့ မအူ‌မုခ်ပေါက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ဘက် မအူမုခ်ပေါက်မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေး ကင်းတဲဂိတ် နိုဝင်ဘာ ၈ ရက်နေ့ ည ၁၁ နာရီအချိန်လောက်က မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ကျနော်တို့ Monywa Ranger group နဲ့ Chindwin attack force ခရိုင် တပ်ရင်း ၂  တို့ မုံရွာမြို့ မအူမုခ်ပေါက်ရှိ ကင်းတဲကို  အဖွင့်မိုင်း ၁၀ လုံးနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်ဗျ။ ကျနော်တို့ဘက်ကတော့ အထိအခိုက် ကင်းစွာနဲ့ပြောက်ကျားစနစ်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့တယ်” လို့ UG အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။ 

စစ်ကောင်စီတပ်ဘက်က ကြောက်လန့်တကြား ပြန်ပစ်ခတ်တာတွေရှိပြီး ထိခိုက်ကျဆုံးတဲ့ အ‌ခြေအနေကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

မုံရွာမြို့အတွင်း စစ်ကောင်စီတပ်တွေဟာ အခုလအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေရဲ့ ပစ်ခတ်ခံရမှု အလူးအလဲခံနေရပြီး အကျဆုံးများစွာရှိ နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

1 min Ago
Up