close

မာဃလူမှုကူညီရေးအသင်း

close

July 15, 2021

အရေးပေါ်လူနာများအတွက် မာဃလူမှုကူညီရေးအသင်း အောက်ဆီဂျင်အိုး မလုံမလောက် ဖြစ်နေ

ကရင်ပြည်နယ် ဘားအံမြို့ မာဃလူမှုကူညီရေးအသင်းမှာ အရေးပေါ် ကိုဗစ်-၁၉ လူနာတွေအတွက် အခမဲ့ငှားရမ်းပေးနေတဲ့ အောက်ဆီဂျင်အိုးတွေ မလုံလောက်တဲ့ အခက်အခဲတွေ ရှိနေတယ်လို့ အသင်းတာဝန်ရှိသူ တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ကိုဗစ် - ၁၉ အရေးပေါ်လူနာတွေကို အောက်စီဂျင်အိုးတွေ အခမဲ့ငှားရမ်းပေးနေရာက ကိုဗစ်လူနာများပြားလာတဲ့အတွက် အောက်စီဂျင်အိုး မလုံလောက်တဲ့အပြင် အောက်ဆီဂျင်ကို မော်လမြိုင်မြို့မှာ သွားရောက်ပြီး ခွဲတမ်းအတိုင်း ထုတ်ယူရတဲ့အတွက် အရေးပေါ်လူနာတွေအတွက် အခက်အခဲတွေ ရှိနေတာပါ။

ဘားအံမြို့၊ မာဃလူမှုကူညီရေးအသင်း၊ တာဝန်ရှိသူတစ်ဦးက "ကိုဗစ်လူနာက များလာတယ်။ အသင်းရုံးမှာရှိတဲ့အိုးတွေ ငှားပေးထားတာ အကုန်ပဲ။ မရှိတော့ဘူး။ နောက်ထပ် အရေးပေါ်လူနာအတွက် အောက်စီဂျင်အိုး အခက်အခဲတွေရှိတယ်။ နေ့စဥ် ကိုဗစ်နဲ့ သေဆုံးတဲ့ လူနာတွေ ရှိနေတယ်" လို့ ပြောပါတယ်။

အောက်ဆီဂျင်ဆိုတာ ကုသမှုပေးတာတစ်ခုဖြစ်သလို ရောဂါအခြေအနေပေါ်  ဆရာဝန်ညွှန်ကြားချက်အတိုင်း ကုသရတာဖြစ်ပြီး မလိုအပ်ဘဲ အောက်ဆီဂျင်အိုးတွေ ဝယ်ယူနေတာတွေကြောင့် တကယ်လိုအပ်သူအတွက် အိုးပြတ်တဲ့အခက်အခဲ ဖြစ်ရတာလို့ ဘားအံမြို့၊ ပြည်သူဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်က ဆိုပါတယ်။

"သူတို့သဘောနဲ့ မောတယ်ဆိုပြီး မလိုသေးဘဲ အောက်ဆီဂျင်အိုးတွေ ပြေးဝယ်။ တကယ်လိုအပ်တဲ့သူအတွက် မရှိတော့ဘူး။ အိုးတွေပြတ်တော့ တကယ်လိုအပ်တဲ့ လူနာအတွက် အခက်အခဲဖြစ်တာပေါ့။" 

ဇွန်လ ၁၅ ရက်နေ့ကစတင်ကာ မာဃလူမှုကူညီရေးအသင်းအနေနဲ့ လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်အတည်ပြုလူနာ ၁၇၀ နီးပါးကို ဆေးရုံပို့ဆောင်တာ၊ သေဆုံးသူ ၁၉ ဦးကို ပို့ဆောင်သင်္ဂြိုဟ်တာတွေကို ကူညီဆောင်ရွက်ပေးခဲ့ပြီးဖြစ်တယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။

ကိုဗစ်လူနာတွေအတွက် လိုအပ်တဲ့အောက်ဆီဂျင် ထုတ်လုပ်နိုင်ဖို့ စီးပွားရေး လုပ်ငန်းရှင်တချို့နဲ့ အလှူရှင်တွေ စုပေါင်ပြီး စက်ရုံတည်ဆောက်နိုင်ဖို့ စီစဥ်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

9 mins Ago

September 16, 2019

ဘားအံ မာဃလူမှုကူညီရေးအသင်းအတွက် အရေးပေါ် ကယ်ဆယ်ရေးယာဉ်  ၂ စီး လှူဒါန်း

မာဃလူမှုကူညီရေးအသင်းမှာ အရေးပေါ်ကယ်ဆယ်ရေးနဲ့ နာရေးကူညီမှုဆောင်ရွက်ရာမှာ လိုအပ်နေတဲ့ မော်တော်ယာဉ်တွေကို အခက်အခဲမရှိ ဆောင်ရွက်နိုင်ဖို့ အလှူရှင်တွေက မော်တော်ယာဉ် ၂စီးကို လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့ပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၄ ရပ်ကွက်မှ ာဖွင့်လှစ်ထားတဲ့ မာဃလူမှုကူညီရေးအသင်းဟာ ၂၄ နာရီ လူမှုကူညီရေးလုပ်ငန်တွေကို နေရာဒေသမရွေး သွားရောက်ကူညီပေးရာမှာ မော်တော်ယာဉ် အခက်အခဲတွေ ရှိနေတဲ့အတွက် အလှူရှင်တွေက အခုလို လှူဒါန်းပေးခဲ့ကြတာပါ။ ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်၊ ဉီးဘုန်းမြင့်က “သူများမြို့ရွာတွေနဲ့ ယှဉ်ကြည့်တဲ့နေရာမှာ ကျနော်တို့ ဘားအံမြို့ဟာ ဒီနိဗ္ဗာန်ယာဉ်တွေကိစ္စ အားနည်းချက်တွေ အများကြီး တွေ့ရပါတယ်။ အဲဒါကြောင့် ကျနော်တို့မိသားစုတွေ တိုင်ပင်ပြီးတော့ လှူရခြင်း ဖြစ်တယ်။ ဒါနဲ့ဆို ၃ စီးမြောက် လှူတာပါ” လို့ ပြောပါတယ်။ မာဃလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဉီးအောင်သန်းက “အရေးပေါ် လူနာတင်ယာဉ်တွေမှာ အောက်စီဂျင်၊ နှလုံးနှိုးစက်၊ ချွဲစုပ်စက် ပါတဲ့ အရေးပေါ်ယာဉ်တွေတော့ လိုအပ်ချက် ရှိနေသေးတယ်။ အခုက ပြန်ထွင်ထားတဲ့ဟာဆိုတော့ အရေးပေါ်ဆို လုပ်ရကိုင်ရတာ အခက်အခဲ ရှိနေသေးတယ်” လို့ ပြောပါတယ်။ ဘားအံမြို့၊ အမှတ် ၅ ရပ်ကွက်၊ ကိုအောင်ကျော်စွာက” နာရေးကို အရင်က ကြုံတဲ့ဟိုင်းလပ်ကားတို့၊ ဘာတို့နဲ့ပို့တာ။ နာရေးကား သီးသန့်နဲ့ပို့တဲ့အခါကျတော့ ကျန်းမာရေးရှုထောင့်က ကြည့်လို့ရှိရင်လည်း အဆင်ပြေတာပေါ့။ လှူခွင့်ရတော့ ဝမ်းသာပီတိဖြစ်ရတယ်” လို့ ပြောပါတယ်။ မာဃလူမှုကူညီရေးအသင်းမှာ အရေးပေါ်လူနာတင်ယာဉ် ၄ စီး၊ နာရေးယာဉ် ၅ စီး၊ လူမှုရေးယာဉ် ၂ စီးနဲ့ အသင်းဝင် ၄၀ ဦးက ၂၄ နာရီ တာဝန်ယူပြီး လူမှုကူညီရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေပါတယ်။ အသင်းကို ၂၀၀၂ ခုနှစ်က တရားဝင်မှတ်ပုံတင်ပြီး နာရေးလုပ်ငန်း၊ အရေးပေါ်လူနာ၊ သဘာဝဘေးအန္တရာယ်တွေကို အချိန်၊ နေရာမရွေးတဲ့အပြင် ရပ်‌ဝေးက အကူအညီ လိုအပ်နေသူတွေကိုလည်း ကူညီဆောင်ရွက်ပေးနေပါတယ်။ ရဲမင်းခေါင် ~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဘားအံ မာဃလူမႈကူညီေရးအသင္းအတြက္ အေရးေပၚ ကယ္ဆယ္ေရးယာဥ္  ၂ စီး လႉဒါန္း မာဃလူမႈကူညီေရးအသင္းမွာ အေရးေပၚကယ္ဆယ္ေရးနဲ႔ နာေရးကူညီမႈေဆာင္႐ြက္ရာမွာ လိုအပ္ေနတဲ့ ေမာ္ေတာ္ယာဥ္ေတြကို အခက္အခဲမရွိ ေဆာင္႐ြက္ႏိုင္ဖို႔ အလႉရွင္ေတြက ေမာ္ေတာ္ယာဥ္ ၂စီးကို လႊဲေျပာင္းေပးအပ္ လႉဒါန္းခဲ့ပါတယ္။ ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕၊ အမွတ္ ၄ ရပ္ကြက္မွ ာဖြင့္လွစ္ထားတဲ့ မာဃလူမႈကူညီေရးအသင္းဟာ ၂၄ နာရီ လူမႈကူညီေရးလုပ္ငန္ေတြကို ေနရာေဒသမေ႐ြး သြားေရာက္ကူညီေပးရာမွာ ေမာ္ေတာ္ယာဥ္ အခက္အခဲေတြ ရွိေနတဲ့အတြက္ အလႉရွင္ေတြက အခုလို လႉဒါန္းေပးခဲ့ၾကတာပါ။ ဘားအံၿမိဳ႕၊ အမွတ္ ၉ ရပ္ကြက္၊ ဉီးဘုန္းျမင့္က “သူမ်ားၿမိဳ႕႐ြာေတြနဲ႔ ယွဥ္ၾကည့္တဲ့ေနရာမွာ က်ေနာ္တို႔ ဘားအံၿမိဳ႕ဟာ ဒီနိဗၺာန္ယာဥ္ေတြကိစၥ အားနည္းခ်က္ေတြ အမ်ားႀကီး ေတြ႕ရပါတယ္။ အဲဒါေၾကာင့္ က်ေနာ္တို႔မိသားစုေတြ တိုင္ပင္ၿပီးေတာ့ လႉရျခင္း ျဖစ္တယ္။ ဒါနဲ႔ဆို ၃ စီးေျမာက္ လႉတာပါ” လို႔ ေျပာပါတယ္။ မာဃလူမႈကူညီေရးအသင္း ဥကၠ႒ ဉီးေအာင္သန္းက “အေရးေပၚ လူနာတင္ယာဥ္ေတြမွာ ေအာက္စီဂ်င္၊ ႏွလုံးႏႈိးစက္၊ ခြၽဲစုပ္စက္ ပါတဲ့ အေရးေပၚယာဥ္ေတြေတာ့ လိုအပ္ခ်က္ ရွိေနေသးတယ္။ အခုက ျပန္ထြင္ထားတဲ့ဟာဆိုေတာ့ အေရးေပၚဆို လုပ္ရကိုင္ရတာ အခက္အခဲ ရွိေနေသးတယ္” လို႔ ေျပာပါတယ္။ ဘားအံၿမိဳ႕၊ အမွတ္ ၅ ရပ္ကြက္၊ ကိုေအာင္ေက်ာ္စြာက” နာေရးကို အရင္က ႀကဳံတဲ့ဟိုင္းလပ္ကားတို႔၊ ဘာတို႔နဲ႔ပို႔တာ။ နာေရးကား သီးသန႔္နဲ႔ပို႔တဲ့အခါက်ေတာ့ က်န္းမာေရးရႈေထာင့္က ၾကည့္လို႔ရွိရင္လည္း အဆင္ေျပတာေပါ့။ လႉခြင့္ရေတာ့ ဝမ္းသာပီတိျဖစ္ရတယ္” လို႔ ေျပာပါတယ္။ မာဃလူမႈကူညီေရးအသင္းမွာ အေရးေပၚလူနာတင္ယာဥ္ ၄ စီး၊ နာေရးယာဥ္ ၅ စီး၊ လူမႈေရးယာဥ္ ၂ စီးနဲ႔ အသင္းဝင္ ၄၀ ဦးက ၂၄ နာရီ တာဝန္ယူၿပီး လူမႈကူညီေရးလုပ္ငန္းေတြကို ေဆာင္႐ြက္ေပးေနပါတယ္။ အသင္းကို ၂၀၀၂ ခုႏွစ္က တရားဝင္မွတ္ပုံတင္ၿပီး နာေရးလုပ္ငန္း၊ အေရးေပၚလူနာ၊ သဘာဝေဘးအႏၲရာယ္ေတြကို အခ်ိန္၊ ေနရာမေ႐ြးတဲ့အျပင္ ရပ္‌ေဝးက အကူအညီ လိုအပ္ေနသူေတြကိုလည္း ကူညီေဆာင္႐ြက္ေပးေနပါတယ္။ ရဲမင္းေခါင္
2 years Ago
Up