close

မာဆယ်လို

close

March 29, 2023

မက်ဆီဟာ ရင်ဆိုင်ခဲ့ဖူးသမျှ အခက်ခဲဆုံးကစားသမားဖြစ်ကြောင်း မာဆယ်လို ချီးကျူး

အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီဟာ ရင်ဆိုင်ခဲ့ဖူးသမျှ ထိန်းချုပ်ရအခက်ခဲဆုံးကစားသမားဖြစ် ကြောင်း ဘရာဇီးနဲ့ ရီးရဲလ်နောက်ခံလူဟောင်း မာဆယ်လိုက ပြောပါတယ်။

မာဆယ်လိုဟာ လက်ရှိအချိန်မှာ ဘရာဇီးကလပ် ဖလူမင်နိစ်အသင်းမှာ ဆက်လက်ကစားနေပြီး ရီးရဲလ်မက်ဒရစ်မှာကစားစဉ်က ဘာစီလိုနာကစားသမားဟောင်း မက်ဆီနဲ့ အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ဖူးပါတယ်။

ရီးရဲလ်မှာကစားခဲ့တဲ့ ၁၅ နှစ်ကာလအတွင်းမှာ အယ်လ်ကလက်စီကို ဒါဘီပွဲစဉ်တွေမှာ ဘာစီလိုနာက ၁၆ ပွဲ နိုင်ပြီး ရီးရဲလ်က ၁၂ ပွဲအနိုင်ရခဲ့ပါတယ်။

မာဆယ်လိုကတော့ မက်ဆီဟာ အလွန်ထူးချွန်တဲ့ ပါရမီရှင် ကစားသမားဖြစ်ပြီး ရင်ဆိုင်တွေ့ခဲ့ဖူးသမျှ အခက်ခဲဆုံးကစားသမားလည်းဖြစ်တယ်လို့ The Athletic  နဲ့ အင်တာဗျူးမှာပြောပါတယ်။

ဒါ့အပြင် မက်ဆီဟာ လက်ရှိအချိန်မှာ အသက် ၃၅ နှစ်ရှိနေပြီဖြစ်ပေမဲ့ အရင်ကလိုခြေစွမ်းအတိုင်း ပြသနိုင်နေဆဲဖြစ်တယ်လိုလည်း မာဆယ်လိုက ချီးကျူးခဲ့ပါတယ်။

7 mins Ago

July 12, 2020

မာဆယ်လို ပေါင်ခြံဒဏ်ရာကြောင့် လက်ကျန်လာလီဂါပွဲစဉ်များ လွဲချော်မည်

ရီးရဲလ်မက်ဒရစ် နောက်ခံလူ မာဆယ်လိုဟာ ဒဏ်ရာကြောင့် လာလီဂါ လက်ကျန်ပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။  အသက် ၃၂ နှစ်ရှိ ညာနောက်ခံလူ မယ်ဆယ်လိုဟာ ပေါင်ခြံဒဏ်ရာ ရခဲ့တာကြောင့် ၃ ပတ်လောက် အနားယူရမယ်လို့ ရီးရဲလ်အသင်းက ဇူလိုင် ၁၀ ရက်မှာ တရားဝင်သတင်း ထုတ်ပြန်ခဲ့တာပါ။  မာဆယ်လိုဟာ အလာဗက်စ်ကို အနိုင်ရခဲ့တဲ့ သောကြာနေ့က ပွဲစဉ်ကတည်းက ပါဝင်ကစားနိုင်ခြင်း မရှိခဲ့တာပါ။  ဂရန်နာဒါ၊ ဗီလာရီးယဲလ်နဲ့ လီဟီနက်ဇ်အသင်းတွေနဲ့ ပွဲစဉ်တွေမှာလည်း ဆက်လက်လွဲချော်မှာ ဖြစ်ပါတယ်။ မယ်ဆယ်လိုအနေနဲ့ မန်စီးတီးအသင်းနဲ့ သြဂုတ် ၇ ရက်မှာ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာတော့ ပြန်ကစားနိုင်မယ်လို့ သိရပါတယ်။  ရီးရဲလ်အသင်းဟာ ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပါတယ်။
3 years Ago
Up