close

မာဆေး

close

September 8, 2022

မန်ယူနိုက်တက်အသင်း အင်္ဂလိပ်ကစားသမားများကို ဦးစားပေးဟု နောက်ခံလူ ဘိုင်လီ ဝေဖန်

မန်ယူနိုက်တက်အသင်းမှာ အင်္ဂလိပ်ကစားသမားတွေကို ဦးစားပေး ပွဲထွက်ကစားနေကြောင်း နောက်ခံလူ အဲရစ်ဘိုင်လီက ဝေဖန်ပြောကြားလိုက်ပါတယ်။

အိုင်ဗရီကို့စ်နောက်ခံလူ ဘိုင်လီဟာ အသင်းမှာ ပွဲထွက်ခွင့်မရခဲ့တာကြောင့် ပြင်သစ်ကလပ် မာဆေးအသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေသူပါ။

မန်ယူအသင်းမှာ ကစားသမားတွေအားလုံးရဲ့ ခြေစွမ်းကိုကြည့်ပြီး ပွဲထွက်ခွင့်ပေးတာ မဟုတ်ဘဲ အင်္ဂလိပ်ကစားသမားတွေကို ပိုပြီး ဦးစားပေး ပွဲထွက်ကစားစေကြောင်း ဘိုင်လီက ဝေဖန်ခဲ့တာပါ။

“အင်္ဂလိပ်လက်ရွေးစင်တွေကို ပိုပြီး ဦးစားပေးတယ်ဆိုတဲ့ ခံစားချက် ကျနော့်မှာရှိတယ်။ ဒါမျိုးက ချဲလ်ဆီးအသင်းမှာ တွေ့ရမှာမဟုတ်သလို တခြား ထိပ်တန်းကလပ်တွေမှာလည်း မရှိပါဘူး။ တချို့က ပွဲထွက်ခွင့် အာမခံချက်ရှိနေပြီး ဒါက အသင်းကို အားနည်းစေတယ်။ ကံကောင်းစွာနဲ့ပဲ အဲရစ်တန်ဟတ်ဂ်ကတော့ စရိုက်လက္ခဏာကောင်းတွေရှိပြီး အသင်းရဲ့ အစဉ်အလာကို ပြုပြင်ပြောင်းလဲနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ အဲရစ်ဘိုင်လီက ပြောပါတယ်။

ဘိုင်လီရဲ့ ဝေဖန်မှုအပေါ် ယူရိုပါလိဂ်ပွဲစဉ်မတိုင်ခင် နည်းပြတန်ဟတ်ဂ်ကို မေးမြန်းရာမှာတော့ သူ့လက်ထက်မှာ အဲဒီလိုမရှိစေရကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

30 seconds Ago

August 2, 2022

အင်တာနှင့် စာချုပ်ဖျက်သိမ်းပြီး မာဆေးသို့ပြောင်းရွှေ့ရန် ဆန်းချက်ဇ် ပြင်ဆင်

အင်တာမီလန် တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ဟာ စာချုပ်ဖျက်သိမ်းပြီး မာဆေးအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။

အာဆင်နယ်နဲ့ မန်ယူကစားသမားဟောင်းဟာ အင်တာမီလန်ဆီကနေ ပေါင် ၃ ဒသမ ၇၆ သန်းယူပြီး စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီထားတာပါ။

အသက် ၃၃ နှစ်ရှိ ချီလီတိုက်စစ်မှူးဟာ မနှစ်က စီးရီးအေမှာ ၈၈၆ မိနစ်သာ ကစားခဲ့ရပြီး ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ပါတယ်။

သူဟာ မန်ယူကနေ အင်တာဆီ ပြောင်းရွှေ့ပြီးနောက် တနှစ်လုပ်ခ ပေါင် ၅ သန်းခန့် ရရှိနေတာပါ။ စာချုပ်သက်တမ်း ကျန်ရှိနေပေမဲ့ ပေါင် ၃ ဒသမ ၇၆ သန်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီခဲ့တာပါ။

ဆန်းချက်ဇ်ဟာ ပြင်သစ်ကလပ် မာဆေးအသင်းဆီ ပြောင်းရွှေ့ဖို့ရှိနေပြီး ရက်ပိုင်းအတွင်းမှာ တရားဝင်ကြေညာသွားဖို့ ရှိနေပါတယ်။

1 month Ago
Up